🥀Unicode 🥀
မိုးဖွားဖျောက်ဖျောက်လေးကျချိန်တွင် သုံးနာရီတိတိထိုးချေပြီ ။ စာလက်စမုန့်ကလေးကိုအသာချရင်း ဂျာကြီးဆီဖုန်းဆက်ဖို့ပြင်သည် ။
"ဟဲလို...."
တစ်ဖက်မှဂျာကြီးအသံသည် သြရှစွာထွက်ပေါ်လာသည် ။
"ဂျာကြီး....ကျွန်တော်ဒီမို"
"အိုး....ဒီမို...ဘာကိစ္စတုန်းကွ..."
ဒီမိုဖုန်းပြောရင်း ဇွဲမာန်ပိုင်ကိုလှမ်းကြည့်တော့ နာနတ်သီးဖျော်ရည်အား ပိုက်ဖြင့်မွှေရင်း အပြင်ကိုငေးနေလေသည် ။
"ဟို...ဂျာကြီး...ကျွန်တော်ပြန်လာရဦးမှာလား"
"လာချင်လဲလာကွာ....မင်းကို၅နာရီအထိငှားသွားတာ"
ဂျာကြီးစကားကြောင့် စိတ်ထဲလန်းသွားပြီး ခါးပါအော်တိုမတ်သွားသည် ။
"ကျွန်တော့်ဆိုင်ကယ်လာယူဦးမယ်လေ.....ဂျာကြီးကလဲ"
"အေး...ဒါပဲ...ငါအလုပ်ရှိသေးတယ်"
ဖုန်းပြောပြီးသည်အထိ အပြင်ကိုသာငေးကြည့်နေသူကြောင့် ဒိမိုပြုံးမိသည် ။ ကိုယ်ရေးကိုယ်တာကိုလေးစားပုံက လူကြီးလူကောင်းတစ်ယောက်၏ဟန်ပန် ။
"ကျေးဇူးပါ.....ကိုဇွဲ"
ဒီမို့စကားကြားတော့ နားမလည်သည့်မျက်ဝန်းများဖြင့် စိုက်ကြည့်နေလေသည် ။
"ဒီနေ့အတွက်...ကျွန်တော်ဒီလိုစိတ်ချလက်ချမပျော်ရတာကြာပြီ"
"မလိုပါဘူးကွာ...."
အလုပ်ချိန်ပြီးလျှင်တောင် အိမ်ထဲမှအိမ်ပြင်သိပ်မထွက်ဖြစ်ပေ ။ ဒီမိုလွတ်လပ်ပေါ့ပါးစွာနေနိုင်ဖို့အတွက် ဇွဲမာန်ပိုင်ကဒိုင်းသဖွယ်ကာကွယ်ပေးထားသည် ။
စားသောက်ပြီးသည်နှင့် တိုက်ခန်းရှေ့ရောက်သည်အထိလိုက်ပို့လေသည် ။အမှန်ဆိုလျှင် ဂေဟာကိုဝင်ကာ ဆိုင်ကယ်ဝင်ယူရမည်ဖြစ်သော်လည်း လမ်းတစ်ဝက်ရောက်မှ သည်းကြီးမဲကြီးရွာလာသည့်မိုးကြောင့် တိုက်ခန်းကိုပင် တိုက်ရိုက်မောင်းလာရသည် ။
"ကျေးဇူးပါကိုဇွဲ....မိုးကအရမ်းသည်းနေတာ....ကားမောင်းလို့အဆင်ပြေပါ့မလား"
![](https://img.wattpad.com/cover/281107059-288-k739265.jpg)
YOU ARE READING
ပန်းရိုင်း (Completed)
Romansaပန်းရိုင်းတစ်ပွင့်အား ခူးယူပန်ဆင်မည့်လူလဲမရှိပါချေ။ အမြတ်တနိုးနမ်းရှိုက်မည့်လူလဲ မရှိပါချေ။ နင်းချေဖျက်ဆီးမည့်လူသာရှိပါ၏။ ကျွန်ုပ်သည်လဲ ထိုပန်းရိုင်းနှင့်သဏ္ဍန်တူ၏။