Part- 8

2.7K 170 5
                                    

🥀Unicode 🥀

"ခင်ဗျားရူးနေလား....ကျွန်တော့်ခန္ဓာကိုယ်တင်မဟုတ်ဘူး.....ကျွန့်တော့်ကိုယ်ထဲမှာစီးဆင်းနေတဲ့သွေးတွေကအစ....မသန့်ရှင်းတော့ဘူးကိုဇွဲ...."

"ကိုသန့်ရှင်းနေသေးပါတယ်....ကို့ရဲ့သန့်ရှင်းတဲ့ပထမဆုံးကို.... မင်းကိုပေးမယ်ဒီမို...."

ဇွဲမာန်ပိုင်စကားအဆုံး ရေတံခွန်ငယ်လေးရပ်တန့်သွားသည် ။ အရည်လဲ့သောမျက်ဝန်းများဖြင့် ဇွဲမာန်ပိုင်အား ကြည့်နေလေသည် ။

"ခင်ဗျားအရူးပဲ....ခင်ဗျားရူးနေတာလား...."

"ဟုတ်တယ်....ကိုရူးတယ်..."

ဇွဲမာန်ပိုင်ရင်ဘက်အား ဒီမိုရှိသမျှအားဖြင့်လတဘုန်းဘုန်းထုသည် ။ ရုန်းကန်းခြင်းမရှိသည့်လူကို ဒီမိုမုန်းချင်သည် ။

"ခင်ဗျားအရှက်....ခင်ဗျားသိက္ခာကိုထည့်တွက်လား....ကျွန်တော့်လိုလူတစ်ယောက်ကိုခင်ဗျားမချစ်နိုင်ပါဘူး....."

"ကိုတို့အဝေးကိုထွက်သွားကြမယ်....ဒီလူတွေရဲ့ဝေးရာမှာသွားနေကြမယ်လေ....ဒီမိုဘယ်သွားချင်လဲ.....ဒီမိုသွားချင်တဲ့နေရာ...ကိုလိုက်ပို့မယ်...."

ဇွဲမာန်ပိုင်ရင်ဘက်အား ထုနေသောဒီမို့လက်တို့ကိုမရပ်ပြစ်ပါ ။ ဒီမို ဤအခန်းငယ် ဤဘဝထဲမှထွက်သွားခွင့်မရှိပေ ။

နာကျင်သည် ဟူသောစကားထက် ပိုထိရောက်သောစကားရှိလျှင် ဒီမိုပြောချင်သည် ။ ဒီမိုသာဖြူစင်ခဲ့လျှင် ဇွဲမာန်ပိုင်၏အချစ်အား လက်ခံမိပေလိမ့်မည် ။

ဒီမိုကိုယ်တိုင်လဲ ချစ်ခဲ့မိပါသည် ။ ချစ်လွန်း၍ အဝေးမှာပဲနေချင်သည် ။ ချစ်တယ်ဆိုသည့်စကားသည် ဒီမို့ဘဝအတွက်အရေးမပါချေ။

မိသားစုတစ်ခု၏ပြစ်ပယ်ခြင်းသည် ဒီမို့အတွက် အမာရွတ်တစ်ခုလိုဖြစ်နေပြီ။ ပတ်ဝန်းကျင်မှစကားများအား ဒီမိုပြန်အမှတ်ရမိသည် ။

"ရုပ်ကလေးလှသလောက်နော်....."

"ပြည့်တန်ဆာတဲ့.....အခုခေတ်ယောကျ်ားတွေကခက်ပ"

"ဒီရုပ်ဒီရည်လေးနဲ့လုပ်စားတော့...ရတာပေါ့အေ"

"သူနေတဲ့တိုက်ခန်းလဲ....ဘယ်သူစပွန်ဆာပေးထားလဲမသိပါဘူးအေ"

ပန်းရိုင်း (Completed) Where stories live. Discover now