Part_ 5

2.9K 334 9
                                    

🥀Unicode 🥀

နှလုံးသားမှတိုက်ရိုက်ထွက်ပေါ်လာသော တုန်ခါမှုသည် ကြိမ်ဖန်များစွာဖြစ်ပေါ်နေသည် ။ သာမန်နေ့တွေကအတိုင်း ဖြစ်ပျက်နေသော်လဲ ဒီမို့အတွက်သာထူးခြားနေသည် ။

ဆောင်းမနက်၏အအေးဓာတ်သည် ဒီမို့ကိုလွှမ်း၍မခြုံနိုင် ။ နှဖူးထက်ချွေးစေးအချို့သည် စိတ်လှုတ်ရှားကြောင်းကိုပြသည် ။

ဒီနေ့ ။ ဒီမို ဇွဲမာန်ပိုင်နှင့်အတူ အပြင်ထွက်ခွင့်ရမည့်နေ့ ။ ဒီမိုအားကိုးပြစ်ချင်သော လူသားတစ်ဦးအား ဒီမိုရှာတွေ့ခဲ့ချေပြီ ။ ထိုလူကရော ဒီမို့အတွက် အားကိုးခွင့်ပေးလေမည်လား ။

ဗီဒိုထဲမှ အတောက်ပြောင်ဆုံးအဝတ်အစားကိုရွေးသည် ။ ဒီမို့ကြောင့် ဇွဲမာန်ပိုင်၏ဂုဏ်သိက္ခာအား နည်းနည်းလေးမှအထိခိုက်မခံနိုင် ။ အစိမ်းအနုမှအရင့် ဖြတ်ပြေးလျက်ရှိသော ရှပ်အင်္ကျီပြောင်လေးအား ထုတ်ဝတ်လိုက်သည် ။ လက်ဖမို့ထိဖုံးနေသည့် အင်္ကျီလက်ရှည်ကို တံတောင်ဆစ်နားထိခေါက်တင်လိုက်သည် ။

အပြာနုရောင်ဂျင်းဘောင်းဘီနှင့်တွဲဝတ်လိုက်တော့ လူကြီးဆန်သွားသလို ။ နှဖူးပေါ်ကျနေသည့် ဆံနွယ်တို့အား ဆီလိမ်းကာသပ်တင်လိုက်သည် ။ ထိုအခါမှ မျက်ဆံနက်နက်တို့ တောက်ပစွာပေါ်လာလေတော့သည် ။

လွယ်နေကျလွယ်အိတ်အား စလွယ်သိုင်းရင်း အောက်ထပ်သို့အမြန်ပြေးဆင်းလာသည် ။ ဆိုင်ကယ်အားစက်နှိုးပြီး ရွှေခြူးဂေဟာရှိရာသို့မောင်းထွက်ခဲ့သည်။

အရင်နေ့တွေကလို စိတ်ထဲတွင်လေးမနေ ။ ပျော်ရွှင်ဝမ်းမြောက်ခြင်းသည် ဒီမို့နှလုံးသားမှဖြစ်တည်လာသည် ။ ဒီမို့အား သူစိမ်းယောကျ်ားလက်ထဲမှ တစ်​နေကုန် ကယ်တင်မည့်လူရှိနေသည်မို့ ။

_____

"ဒီမိုရေ....မင်းလူကြီးရောက်နေပြီ.."

"ဟုတ်ကဲ့...ဂျာကြီး..."

လေပြေလိုအေးမြသည့်အသံတစ်ခုနှင့်အတူ ဇွဲမာန်ပိုင်ရှေ့ရောက်လာသည့်ဒီမို့ ။ ဒီမို့မျက်ဝန်းနက်များအား ရှင်းရှင်းလင်းလင်းမြင်ရတာကို ဇွဲမာန်ပိုင်သဘောကျသည် ။

ပန်းရိုင်း (Completed) Where stories live. Discover now