🥀Unicode 🥀
ဒီမို၏အသားအား လက်ဖျားနှင့်တောင်မထိခဲ့သူ ။ ဒီမို့ခန္ဓာမှ အဝတ်အစားများအား ဆွဲချွတ်ခြင်းမပြုခဲ့သည့်လူ ။ ဒီမို့အပေါ် တဏှာမပါသည့်မျက်ဝန်းများဖြင့် ပထမဦးဆုံးကြည့်ခဲ့သည့်လူ ။ ဒီမို ထိုလူနှင့် နောက်တစ်ကြိမ်ပြန်ဆုံချင်၏။
ကုတင်ပေါ်တွင် ဘေးဇောင်းထိုင်ကာ ဒီမို့ခြေထောက်တွေအား အောက်သို့တွဲလွဲချထားသည်။ လက်ထဲတွင်ရှိသော တစ်သောင်းတန်အုပ်ပေါ် မျက်တောင်မခတ်စမ်း စိုက်ကြည့်မိသည် ။
ဒီမို၏ဘဝအကြောင်း စိတ်ဝင်တစားမေးလာသည့် ဇွဲမာန်ပိုင်၏မျက်နှာအား မြင်ယောင်လာသည် ။ တကယ်ဆိုရင် နောက်တစ်ခေါက်လာဦးမလား ဟူသည့်မေးခွန်းမျိုးကို ဒီမိုမေးခဲ့သင့်တာ။
ဒီမို့ပါးပေါ် ကြွေဆင်းလာသော မျက်ရည်ပူတစ်စက်ကြောင့်ဒီမိုပြုံးသည်။
ကျွန်တော်စိတ်ပါလက်ပါမပြုံးဖြစ်ခဲ့တာ.....သုံးလနီးပါးရှိပြီခင်ဗျားရဲ့။
"ဒီမို....."
အခန်းထဲဝင်လာသည့်ဂျာကြီးကြောင့် မျက်လုံးများအား လက်ခုံဖြင့်အမြန်ပွတ်သတ်လိုက်သည်။
အခန်းပတ်ပတ်လည်အား ဂျာကြီး လှည့်ပတ်ကြည့်၏။ သန့်ပြန့်စွာခင်းထားဆဲဖြစ်သည့် အိပ်ရာခင်းအားကြည့်၍ မျက်မှောင်ကြုတ်၏။
အဝတ်အစားများရှိနေဆဲဖြစ်သည့် ဒီမို့ခန္ဓာကိုယ်အား ခေါင်းအစခြေအဆုံး အပြန်ပြန်အလှန်လှန်ကြည့်လေသည် ။
"ဒီမို....မင်းကောင်းကောင်းဧည့်မခံဘူးလား"
"သူ....ကျွန်တော့်အသားကိုတောင်....မထိခဲ့ဘူးဂျာကြီး"
ဒီမို့စကားကြောင့် ပါးစပ်အဝိုင်းသားဖြင့် ဒီမို့အားစေ့စေ့ကြည့်၏။
"သူ့ကို....စိတ်ပျက်အောင်လုပ်လိုက်လို့လား"
ဒီမိုခေါင်းခါသည် ။
"မဟုတ်ဘူးဂျာကြီး....ကျွန်တော့်အပေါ်....ဖြူစင်တဲ့မျက်လုံးတွေနဲ့ပဲကြည့်သွားခဲ့တာ.....ကျွန်တော့်အဝတ်အစားတွေကိုမချွတ်ခဲ့တဲ့.....ပထဦးဆုံးလူပဲဂျာကြီး"

YOU ARE READING
ပန်းရိုင်း (Completed)
Romanceပန်းရိုင်းတစ်ပွင့်အား ခူးယူပန်ဆင်မည့်လူလဲမရှိပါချေ။ အမြတ်တနိုးနမ်းရှိုက်မည့်လူလဲ မရှိပါချေ။ နင်းချေဖျက်ဆီးမည့်လူသာရှိပါ၏။ ကျွန်ုပ်သည်လဲ ထိုပန်းရိုင်းနှင့်သဏ္ဍန်တူ၏။