ရိုးရှင်းသောအချစ် 💜 {Sope}

466 26 9
                                    

Zawgyi
~~~~~~~

ကျနော်အချစ်က သူ့ကိုချစ်နေရရင်ပြည့်စုံတယ်။ သူပြန်ချစ်လာဖို့ မမျှော်လင့်ဘူး။ အမှန်တိုင်းပြောရရင် မမျှော်လင့်ရဲဘူး။ တဖက်သတ်မို့ ပုံမှန်လေးပဲ ဒီတိုင်းချစ်သွားမယ်။

ဒီအတိုင်းချစ်လာတာ အခုဆို တက္ကသိုလ် နောက်ဆုံးနှစ်တောင် ရောက်ခဲ့ပြီ။ သူကတော့ အခုထိ သတိမထားမိပါ။ အလယ်တန်းထဲက အခန်းအတူတူတက်လာပြီး တက္ကသိုလ်နောက်ဆုံးနှစ်ထိ ကျနော်နဲ့ဟိုဆော့ စကားကို နှစ်လုံးကွဲအောင် တခါမှ မပြောဖြစ်ခဲ့ပါ။ ကျနော်က ဘယ်ဆို သူက အမြဲတမ်း ညာမှာရောက်နေတာမျိုး။ သူက ကျောင်းမှာစာတော်တဲ့ မိတ်ဆွေပေါတဲ့ လူတော်လေး ဂျောင်ဟိုဆော့ပေါ့။ ကျနော်ကတော့ မင်ယွန်းဂီ။ ပုံမှန်ကျောင်းသားတယောက်။ ဂီတလုပ်ရင်ပျော်နေတဲ့သူ။ တခါတလေတော့ ဟိုဖက်ကျောင်း ဒီဖက်ကျောင်း ချိန်းပြီး ရန်ဖြစ်တာလေးတော့ ရှိတာပေါ့ စာကတော့ ပုံမှန်လုပ်ပါတယ် အဆင့် B နဲ့ C ကြားပြေးလျက်ပေါ့။ တဖြေးဖြေးနဲ့ ကျောင်းပြီးဖို့ နောက်ဆုံးချိန်ကို ရောက်လာခဲ့တယ်။ တက္ကသိုလ်ဆိုတာကြီးပြီးရင် ကိုယ့်လမ်းကိုယ်လျှောက်ရမယ်ဆိုတာ သိပေမဲ့ သူနဲ့တွေ့ဖို့ အခွင့်အရေးထပ်မရှိတော့သလို ခံစားနေခဲ့ရသည်။ တွေးရင်း ကြောက်မိတယ်။

ကျောင်းပြီးသွားတဲ့နောက် သတင်းကြားတာက သူနိုင်ငံခြားထွက်သွားပြီတဲ့ ..
ဘယ်သူတွေက ဘယ်အချိန်ဆုံမယ် ဘယ် အချိန်ခွဲရမယ်ဆိုတာရှိပြီးသားပါ။ အဲ့တော့ ကျနော်လည်း အချစ်ဦးကိုမေ့ပြီးေ
ရှ့ဆက်ရမဲ့ အနာဂတ်တွေဆီကို လျှောက်လှမ်းရအုံးမည်။

   ... ရိုးရှင်းသော အချစ် ...

ကျနော်စိတ်ဝင်စားတဲ့ သီချင်းတွေကို မလုပ်ဖြစ်တဲ့နောက်ပိုင်းမှာတော့ သချာင်္ဂဏန်းတွေကိုပဲ ပိုအချိန်ပေးပြီး စာရင်းပိုင်ဆိုင်ရာ Diploma ဘွဲ့တခုထပ်ယူဖြစ်ခဲ့တယ်။ ကျနော် ဘွဲ့တွေရပြီး အလုပ်ရပြီးနောက်ပိုင်းမှာ အမေတို့က ဒယ်ဂူဖက်မှာပဲ ပြန်နေချင်တယ်ဆိုလို့ ပြန်သွ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျနော်စိတ်ဝင်စားတဲ့ သီချင်းတွေကို မလုပ်ဖြစ်တဲ့နောက်ပိုင်းမှာတော့ သချာင်္ဂဏန်းတွေကိုပဲ ပိုအချိန်ပေးပြီး စာရင်းပိုင်ဆိုင်ရာ Diploma ဘွဲ့တခုထပ်ယူဖြစ်ခဲ့တယ်။ ကျနော် ဘွဲ့တွေရပြီး အလုပ်ရပြီးနောက်ပိုင်းမှာ အမေတို့က ဒယ်ဂူဖက်မှာပဲ ပြန်နေချင်တယ်ဆိုလို့ ပြန်သွားကြလေရဲ့ ကျနော်ကတော့ ဆိုးလ်မှာ အလုပ်လုပ်ရင်း တယောက်ထဲပေါ့ .. ပိတ်ရက်ခွင့်ရရင်တော့ အိမ်ဖက်ကို ပြန်ဖြစ်ပါတယ် .. တခါတလေ ဆော့ဂျင်နဲ့ ချိန်းပြီး သောက်ဖြစ်တယ်

BTS One Shot CollectionWhere stories live. Discover now