လမင်းစေရာ(NamJin)

112 8 1
                                    

သျှီလာပြည်ကြီးဟာ ပြည့်ရှင်မင်း ကင်မ်ဒုံဂတ်ရဲ့ လက်ထက်မှာ အလွန်သာယာစည်ကားလို့နေသည်။ စီးပွါးရေးသာမက လူမှုရေး နဲ့ ပညာရေးမှာလည်း ထွန်းထွန်းပေါက်ပေါက်ရှိလှသည်။ တိုင်းပြည်က ပြည်သူ၊ပြည်သားတွေဟာလည်း ပြည့်ရှင်မင်းကြီး ၊ မိဖုရားခေါင်ကြီး ကင်မ်မြောင်ဆော့ နဲ့ သားတော် ကင်မ်ဆော့ဂျင်တို့ကိုလည်း အလွန်ပင် တန်ဖိုးထား ချစ်မြတ်နိုးကြ၏။
ဘုရင်ဖြစ်လာမဲ့ အိမ်ရှေ့မင်းသားလေး ကင်မ်ဆော့ဂျင်ဟာ အင်မတန် ချောမောလှပပြီး အရာရာမှာပြီးပြည့်စုံအောင် တော်လွန်းသူလည်း ဖြစ်သည်။ ချီးမွှန်း
ခန်း ဖွင့်မယ်ဆိုတောင် ပြောမကုန်ပဲ ဖြစ်လေသည်။

.
.
.

နန်းတွင်း၏ အပန်းဖြေရာ အဆောင်တွင် ဖခမည်းတော်နှင့် သားတော်ဟာ အပြန်အလှန်စကားပြောနေကြသည်။

ဘုရင်မင်းကြီးက လက်ပိုက်တော်မူကာ သားတော်ကို သေချာကြည့်ပြီး အလေးအနက် ပြောနေသည်။

" သားတော် ကင်မ် .. ဒီနေ့ ဘိလပ်ပြန် ပညာဝန် အမတ်အသစ် လာလိမ့်မယ် .. ဘိလပ်ဘာသာစကားကို တတ်ကျွမ်းအောင် သင်ကြားလား .. အချိန်အားဖြင့် ၂လသာရသည်မို့ .. သားတော်အတွက် နည်းလွန်တယ်မဟုတ်လား "

အပြုံးချိုချိုဖြင့် ခွန့်တုန့်ပြန်ကာ " မဟုတ်တာ .. သားတော်အတွက် ၁လဆိုလည်း လောက်ပါတယ် .. ဒီဦးနှောက်နဲ့တော့ သေချာ မှတ်မိပါသေးတယ် .. ဘုရား "

" ကဲ .. ဟိုမှာ အမတ်ကင်မ်လာနေပြီ "
အိမ်ရှေ့မင်းသားလေး ကင်မ်ဆော့ဂျင်လည်း ဖခမည်းတော်၏ ညွှန်းရာနေရာကို လှမ်းကြည့်လိုက်တော့ ဖခမည်းတော်ကို အဝေးထဲက ဦးခေါင်းညွှတ်အရိုအသေပေးကာ ပြုံးပြလာသည့် အမတ်ကြီးဆိုသူသည် သူထင်ထားသလို အဖိုးကြီးအရွယ် ဟုတ်မနေ .. ငယ်ရွယ်မှုကို ပိုင်ဆိုင်ပြီး တည်တံ့တဲ့ အမျိုးသားအရွယ်ကောင်း ... တည်ကြည်ရှင်းသန့်ပြီး ဘာမှ ပြောစရာ စကား မကျန်အောင်ကို ခန့်ညားလွန်းသည်။

သူက ပညာဝန် အမတ်ကြီး ကင်မ်နမ်ဂျွန်း ဖြစ်သည်။ ထိုအမျိုးသား၏ အပြုံးများသည် အလွန်အန္တရာယ်များပေသည်။
နူးညံ့လွန်းတဲ့ အပြုံးတွေထဲတွင် စီးမျောချင်စရာကောင်းသည့် ပါးချိုင့် တစ်စုံရှိနေသည်။

BTS One Shot CollectionDonde viven las historias. Descúbrelo ahora