ZawGyi
~~~~~~Hello 👋 ကျနော်နာမည်က ကင်မ်နမ်ဂျွန်းပါ။ ကျနော်ကို Psychotic Disorder သမားလို့ နီးစပ်ရာ ပတ်ဝန်းကျင်ကတော့ ပြောကျတယ်။ ဆွေမျိုးသားချင်းအပါပေါ့နော် .. .. ..
A/N;
Psychotic Disorder (PD) ဆိုတာက မရှိတဲ့ အသံတွေကြားယောင်မယ်။ မရှိတဲ့ ပုံရိပ်တွေမြင်ယောင်မယ်။ မရှိတဲ့ အနံ့တွေရနေမယ်။ (သို့မဟုတ်) မရှိပါဘူး မဟုတ်ပါဘူးဆိုတာတွေကို သက်သေပြပြီးတာတောင် ဆက်ယုံကြည်နေမယ်။ {Crd}တော်သေးတယ် .. ကျနော့်ကို အိုမားနဲ့ ကင်မ်ဆော့ဂျင်ဆိုတဲ့ကောင်က ယုံနေပေးလို့ .. ဒီကောင်နဲ့က မူလတန်းထဲက ပေါင်းလာတာ။ ငယ်ပေါင်းကြီးဖော်ပေါ့ဗျာ .. တခါတလေ အဲ့ခွေးကောင်ကပါ ကျနော့်ကို PD သမားဆိုပြီး နောက်သေးတာ .. ဘာပဲဖြစ်ဖြစ်ပါ ကျနော်ပြောတာကို ယုံပေးတဲ့ ငယ်ပေါင်းကြီးဖော်ကြီး ကင်မ်ဆော့ဂျင်ရှိနေလို့သာ .. ..
ကျနော့်အိပ်ခန်းလေးထဲမှာ ပျင်းပျင်းရှိတာနဲ့ ပုံဆွဲနေလိုက်တယ်။ စဆွဲတုန်းရှိသေးတယ် ဟိုကောင်ဖုန်းဆက်လာတယ်
" နမ်ဂျွန်းရှီ .. ကျနော့ကို မုန့်ဝယ်မကျွေးချင်ဘူးလားဗျာ "
" မျိုချင်ရင် မင်းစောက်သံက အဲ့လို "
" လာပါကွာ .. အိမ်က ပိုက်ဆံလှမ်းမပို့သေးလို့ပါကွာနော် .. ချစ်သူလေး "
" လိ့ .. ကိုချစ်သူ .. ခွေးကောင်၊ လာခဲ့မယ် ဒါပဲ "
အဲ့အကောင်ဆီသွားဖို့ ပြင်ဆင်ရသေးတယ် ..
ပြင်ဆင်ပြီး အောက်ဆင်းလာတော့" သား .. ဘယ်လဲ "
" အာ .. ဆော့ဂျင်နဲ့ မုန့်သွားစားဖို့"
" အေးပါ .. အစောပြန်လာခဲ့အုံး "
"ဪ .. အိုမား၊ ကျနော့် ငါးလေးတွေကို အစာတချက်ကျွေးထားပေးပါလားနော် .. သွားပြီ .. တာ့တာ"
နမ်ဂျွန်းရဲ့အမေက မျက်နှာတချက်ပျက်ပြီး ခေါင်းကိုသာ တတွင်တွင် ငြိမ့်ပြလိုက်သည်။
ကျမက နမ်ဂျွန်းရဲ့အမေ ကင်မ်နမ်ဟီးပါ .. ကျမသားဆီမှာ အထက်တန်းနောက်ဆုံးနှစ်လောက်ထဲကစပြီး PD ရောဂါကို စခံစားခဲ့ရလို့ ကျမမှာ အရမ်းစိတ်ထိခိုက်ခဲ့ရပါတယ်။ အခုလည်း ဘာမှမရှိတဲ့ငါးကန်ကြီးမှာ အစာချကျွေးနေရတာ နှစ်အတော်ကြာခဲ့ပြီ။ သူ့ရောဂါက မလျော့သွားတဲ့အပြင် တဖြေးဖြေး အရှိန်က ပိုဆိုးလာတော့သည်။
أنت تقرأ
BTS One Shot Collection
أدب الهواةNamjin Sope အဓိက ရေးမည်။ ကျန်တဲ့အတွဲလည်း စိတ်ပါသလိုရေးပါမည်။ ချစ်တဲ့ Rose 🌹