Unicode
"ငါအခု .. World Tour လုပ်နေရတာ မင်းသိတယ်မလား ... အရမ်းပင်ပန်းတယ်ကွာ ... Army တွေနဲ့တွေ့ရလို့ ခံစားချက်ကောင်းပေမဲ့ Hoba~ ငါမင်းကိုတော့ အရမ်းလွမ်းနေတယ် "
အခုလက်ရှိလေ့ကျင့်ဆဲကာလမို့ ဟိုဆော့တစ်ယောက် ဖုန်းမကိုင်ရမှာ မဟုတ်ဘူးဆိုတာ ယွန်းဂီ သိပေမဲ့လို့ သတိရတဲ့အချိန်တိုင်း စာတိုလေးတွေ ပို့ထားလေ့ရှိသည်။
Hoba~လွမ်းလိုက်တာ
ဘာတွေလုပ်နေလဲ အစားကောင်းကောင်းစားနော် ... fighting 😻Jung Ho Seok ... ဖုန်းကိုင်လို့ရတာနဲ့ ငါ့ဆီကို အရင်ဆုံး ဆက်သွယ်ပါ 😼
J-Hopeeeeeee... အရမ်း လွမ်းတယ်😿
တစ်နေ့တစ်မျိုး မရိုးရအောင် မင်ယွန်းဂီရဲ့ emotional ပေါင်းစုံဖြင့် စာတိုများကို ဟိုဆော့ဆီ ပို့ထားလေ့ရှိသည်။
တခါတလေ ပင်ပန်းလွန်းလို့ အရက်တွေသောက်ရင်း ကိုင်မဲ့သူမရှိတဲ့ ဖုန်းကို ခေါ်မိသည်အထိကို မင်ယွန်းဂီက ဂျောင်ဟိုဆော့ကို စွဲလမ်းနေခြင်း ဖြစ်သည်။
World Tour ဆက်နေတဲ့ မင်ယွန်းဂီအတွက် အချိန်တွေဟာ လုံးဝမလောက်ပါ။ သို့သော် ဂျောင်ဟိုဆော့ကို လွမ်းနေတဲ့ အလွမ်းများဟာလည်း သူ့ကိုနှိပ်စက်နေတော့သည်။
တစ်ရက် ...
Tour အတွက်လေ့ကျင်ပြီးတော့ နားနေခန်းထဲမှာ ယွန်းဂီ ခဏလှဲနေတုန်း ဖုန်း တစ်call ဝင်လာသည်။ ပထမတစ်ခေါက် မကိုင်လိုက်ပါ။ ဒုတိယတစ်ခါ ထပ်မြည်ပြန်တော့ ဖုန်းကိုမကြည့်ပဲ လက်လှမ်းယူပြီး ကိုင်လိုက်သည်။" ဟယ်လို ... " လေးပင်နေသော အသံဖြင့်
" မင်ယွန်းဂီ ... ပင်ပန်းနေပြီလား "
ထိုအသံ ... ထိုအသံဟာ သေတဲ့အထိကို နားထဲစွဲနေစေမည့်အသံ ...
ဂျောင်ဟိုဆော့ရဲ့အသံ ...
ယွန်းဂီတစ်ယောက် လှဲပြီးဖုန်းပြောရမှ ချက်ချင်း ထထိုင်လိုက်ပြ်ီး ..." Hoba~ မင်း .... " ပြောရင်း မျက်ရည်များ ဝဲတတ်လာသည်။
တစ်ဖက်မှ ချက်ချင်းသိသည် ...
" Hyung ... ငိုနေတာလား။ မငိုနဲ့တော့နော် ... ပင်ပန်းနေပြီလား ... ကျွန်တော်လည်း အများကြီး သတိရတယ် ... သိလား "
YOU ARE READING
BTS One Shot Collection
FanfictionNamjin Sope အဓိက ရေးမည်။ ကျန်တဲ့အတွဲလည်း စိတ်ပါသလိုရေးပါမည်။ ချစ်တဲ့ Rose 🌹