I Love My Classmate
မိုးဦးရာသီအစ .. .. ..
ကျောင်းတော်ရဲ့အခန်းထဲမှာတော့ ကျောင်းသား၊ ကျောင်းသူများ အပြည့် .. .. ..အထက်တန်း ဒုတိယနှစ်ရောက်ရှိခဲ့ပေမဲ့ အရာရာကို ခပ်ပေါ့ပေါ့ပဲ ကိုယ်လုပ်ချင်တာလုပ်ပြီး ဖြတ်သန်းနေတဲ့ မင်ယွန်းဂီ
စာကလွဲလို တခြားကို အာရုံသိပ်မရှိတဲ့ ဂျောင်ဟိုဆော့
အချစ်မှာ အချစ်ပဲလိုတဲ့အကြောင်း သိလာတော့ သူတို့၂ယောက်ရဲ့ ရှေ့ဆက်မဲ့အဖြစ်က ဘယ်လို ဆက်ဖြစ်မှာလဲ .. ..
အထက်တန်း ဒုတိယနှစ်အခန်း Aထဲမှာ
ကျောင်းသူ ကျောင်းသားများ စကားပြောသူပြော၊ ဆော့သူကဆော့၊ စာလုပ်သူကလုပ် အလုပ်ရှုပ်နေကြသည်။ ထိုစဉ် ဂီတနည်းပြ ဆရာ မိုထယ်ဂူ အခန်းထဲသို့ဝင်လာသည်။" ကဲ .. ကဲ .. ကျောင်းပြန်အဖွင့်မှ ဂီတဖျော်ဖြေပွဲနဲ့ ဖွင့်ဖို့ရှိတယ် .. အဲ့တော့ တို့ကျောင်းတော် သီချင်းကို ဒီအခန်းက ဖျော်ဖြေရမယ် "
ကျောင်းသူ ကျောင်းသားများက တယောက်တပေါက်ဖြင့် ..
" အား .. အငယ်တန်းကို လုပ်ခိုင်းတာမဟုတ်ဘူး "
" ဆရာကလည်း .. အဲ့လိုကြီးလုပ်ရအုံးမှာလား "
ဂီတဆရာရဲ့အကြည့်စူးစူးတွေကြောင့် အသံထွက်ပြီး အော်ပြောစရာမလိုပဲ အကုန်ငြိမ်သက်သွားသည်။
" တခါလောက်ပဲ ဒီတခါပဲ .. ငါမျက်ရည်ကျသည်အထိ ကောင်းအောင်ဆိုပြပေးလိုက် .. နောက်ဘယ်ပွဲမှ ဝင်နွှဲစရာမလိုအောင် စီစဉ်ပေးမှမို့ "
အားလုံးကလည်း " ဟုတ်ကဲ့ပါ ........."
မှတပါး ဆရာ့ကို ပြန်ပြောစရာ မရှိနေခဲ့ပါ။" နောက်ပြီးတော့ အထက်တန်း တတိယနှစ်က မင်းတို့ရဲ့ စီနီယာ ပတ်မင်ဝူ ကလည်း မနက်ဖြန် ကူပေးလိမ့်မယ် .. ကဲ ဒါဆို စလိုက်ရအောင် .. .. အားလုံးပဲ အခုဆရာကမ်းပေးတဲ့စာရွက်ကို ကြည့်ဆိုမယ် "
တို့ကျောင်းတော် သီချင်းကို အားလုံးက အသံပြဲဖြင့် ဆိုနေပေမဲ့ တစုံတယောက်က ပါးစပ်လှုပ်ရုံဆိုပြီး အသံလုံးဝမထွက်တာကို မင်ယွန်းဂီ သတိထားမိလိုက်သည်။
VOCÊ ESTÁ LENDO
BTS One Shot Collection
FanficNamjin Sope အဓိက ရေးမည်။ ကျန်တဲ့အတွဲလည်း စိတ်ပါသလိုရေးပါမည်။ ချစ်တဲ့ Rose 🌹