Zawgyi
အကို့ကိုစသိတဲ့နေ့က ထူးထူးခြားခြား ပထမဆုံးနှင်းကျတဲ့အချိန်။
အကောင်သေးသေးလေးနဲ့အများနဲ့မတူတဲ့အကိုရဲ့စွဲဆောင်မှုက အမြဲတမ်း All Black ဝတ်တတ်တဲ့အကျင့်။
ထူးခြားတဲ့ကံကြမ္မာရဲ့ဆုံဆည်းမှုက ကျနော်အိမ်ရဲ့ တလမ်းကျော်မှာ သူနေပြီး ရုံးမှာလည်း စီနီယာ ဂျူနီယာဆက်ဆံရေး ဖြစ်ခဲ့တယ်။ကျနော်က ဂျောင်ဟိုဆော့ အကိုက မင်ယွန်းဂီ
ကျနော်က အကို့ကို ကြိုက်နေတာ အကိုက သိတောင်မသိဘူး ဒါပေမဲ့ ဂျူနီယာ ညီလေးတယောက်လိုတော့ဆက်ဆံပေးတယ်။
တခါတလေ အကိုကပြောရခက်တဲ့ စီနီယာ
အလုပ်ကြောင့် ဂတောက်ကဆဖြစ်လည်း ကျနော် ကော်ဖီဖျော်တိုက်ရင် မျက်စောင်းထိုးပြီး ကော်ဖီခွက်ကို ဆွဲယူလိုက်တာမျိုးအစက ချစ်ဖို့ကောင်းတဲ့အကိုတယောက်မို့ သဘောကြရာကနေ အဆင့်တက်ပြီးကြိုက်ခဲ့တဲ့ကျနော်က ပြန်နှုတ်ယူလို့မရအောင် အကို့ကို ချစ်မိနေပြီ။ အကိုသာသိရင် မုန်းသွားမလားဆိုတဲ့စိတ်နဲ့ ဒီတိုင်းလေ နေနေမိတယ်။ ချစ်နေတဲ့စိတ်ကြောင့် တခါတလေ ရုံးပါတီ စားပွဲတွေမှာ အကိုမူးရင်တော့ ကျနော်ပဲအမြဲတမ်း အိမ်ပြန်လိုက်ပို့ပြီး နီရဲနေတဲ့အကို့ရဲ့ပါးလေးတွေကို ခိုးနမ်းတတ်တယ်။ အကို့ရဲ့နှုတ်ခမ်းကိုတော့ မထိတထိပဲနမ်းဖြစ်ပါတယ်။ အကိုနှိုးသွားပြီး စိတ်ဆိုးသွားမှာစိုးလို့။ ဒါကို အသားယူတာလို့ပဲပြောပြော အကျင့်မကောင်းဘူးပဲပြောပြော အကို့ကို ချစ်တဲ့စိတ်ကြောင့် ကျူးလွန်မိတာမို့ စိတ်ထဲကပဲ အမြဲတောင်းပန်မိပါတယ်။
တခါတလေ စိတ်ကူးယဉ်မိတယ်
အကို့ပါးစပ်ဖျားက ကျနော့်ကို မောင်လို့ခေါ်မဲ့အချိန်လေးကိုပေါ့
တခါတလေ စိတ်ကူးယဉ်မိတယ်
အကိုကို့ တအားထွေးပွေ့ပြီး ဖက်နမ်းလိုက်ချင်တာမျိုးကိုပေါ့
တခါတလေ စိတ်ကူးယဉ်မိတယ်
အကို့နှုတ်ခမ်းပါးလေးကို မထိတထိကိုက်ချင်တာမျိုးပေါ့ဖွင့်ပြောလိုက်လို့ ဝေးသွားရင် ဆိုတဲ့အတွေးနဲ့တင် လူကအရူးမီးဝိုင်းနေပြီ။
ဒါပေမဲ့ တရက်တော့ ပြောကိုပြောမှာပါ
။
YOU ARE READING
BTS One Shot Collection
FanfictionNamjin Sope အဓိက ရေးမည်။ ကျန်တဲ့အတွဲလည်း စိတ်ပါသလိုရေးပါမည်။ ချစ်တဲ့ Rose 🌹