ညဉ့်ငှက် (အပိုင်း၆)

1.1K 89 4
                                    


ညဉ့်ငှက် .. (အပိုင်း ၆ )

🐦🐦🐦🐦🐦

MEW လိုက်ပို့ပေးခိုင်းတဲ့ ကားကို  Gulf သူ့
အလုပ်ဖြစ်တဲ့ Club ကိုပဲ ပို့ခိုင်း လိုက်တယ် ..

" ဦးလေး ကျေးဇူးတင်ပါတယ် "

" ကောင်းပါပြီ MEW ကို
ဘာစကား မှာအုန်းမလဲ Gulf "

MEW နဲ့ ကားဒါရိုက်ဘာ လုပ်နေတော့
Gulf ဆိုတဲ့ ကောင်လေးကိုလည်း ဦးစိုး 
ခင်နေမိတယ် ..
MEW နဲ့ ဘယ်လိုတွေ ဘာဆိုတာတော့
သူလည်းမသိ
သိအောင်လည်း ဦးစိုး မစပ်စုခဲ့ ..

ကိုယ့်အလုပ်က ကားမောင်းဖို့ အဲဒီတော့
ကိုယ့်အလုပ်ရှင် အန္တရယ်ကင်းကင်းနဲ့
လိုရာခရီးရောက်ဖို့သာ အဓိက လို့
မှတ်ယူထားခဲ့တယ်

အလုပ်ရှင်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို
ဦးစိုး နည်းနည်းမှ စိတ်မဝင်စားခဲ့တယ် ..

" မမှာတော့ပါဘူး ဦးလေး "

ကိုယ်က ဘယ်လိုပဲ သံယောဇဉ် ရှိရှိ
သူ့ဘက်ကကိုယ့်ကို ခဏတာ
ဆက်ဆံချင်တာကလွဲပြီးဘာမှ မပိုခဲ့ရင် ကိုယ်ပဲ စိတ်ဆင်းရဲရမှာ ..
MEW နဲ့ ပတ်သက်တဲ့ သံယောဇဉ်ကို
သူ့ရင်ထဲပဲ ထားလိုက်ဖို့  Gulf ဆုံးဖြတ်
ခဲ့လိုက်တယ် ..

" အဲဒါဆို ဦးလေး သွားပြီနော် "

" ဟုတ်ကဲ့ "

သူတို့ ဆိုင်ရှေ့ကနေ ပြန် မောင်းထွက်သွားတဲ့
ကားကြီးကို Gulf မျက်စိတဆုံး
လိုက်ကြည့်နေမိတယ် ..

ကျတော်တို့မှာ တွေ့ဖို့ ကံ ပါလာရင်တော့
ဆုံကြအုန်းမှာပါ  P'MEW  !!!! ..

Gulf စိတ်ဖြတ်ပြီး ဆိုင်ထဲ
ဝင်လာခဲ့လိုက်တော့တယ် ..

ဆိုင်ရှင်နဲ့ ရှင်းစရာရှိတာ ရှင်းလင်း ပြီးတာနဲ့
Gulf အလုပ်ပါ တခါတည်း ထွက်ပြီး
ငှားနေတဲ့အိမ်လေးစီ ပြန်လာခဲ့တော့တယ် ..

" Lhong "

နေ့လည်ပဲ ရှိသေးတော့ Lhong အိမ်မှာပဲ
အိပ်ကောင်းနေအုန်းမှာ တွေးလိုက်ရင်း
Gulf အိမ်အဝကနေ  လှမ်း အော်လိုက်တယ်

" ဟာ ! Gulf ပြန်လာပြီလား
ကြည့်စမ်း ငါ့ သူငယ်ချင် အရောင်အဝါတွေ
တောက်ပနေလိုက်တာ "

ညဉ့်ငှက်Where stories live. Discover now