ညဉ့်ငှက် (အပိုင်း၈)

1.1K 86 5
                                    

ညဉ့်ငှက် .. (အပိုင်း ၈ )

🐦🐦🐦🐦🐦

Pui Fai နဲ့ MEW တို့  ပါတီပွဲထဲ
ရောက်လာတော့
Gulf အမြန်ရှောင် ထွက် ခဲ့လိုက်တယ် ..

‌ထောင့်ကျကျ စားပွဲဝိုင်းနား
အရောက်မှာတော့သူ့လက်ထဲက
ဝိုင် ဗန်းကို ခုံပေါ်တင်ပြီး
သူ့လက်နဲ့ သူရင်ဘတ်က အကျီစကို
Gulf ဆုပ်‌ကိုင်ထားလိုက်တယ် ..

သူ့ရဲ့ အဆမတန် ခုန်လာတဲ့ နှလုံးခုန်သံကို
Gulf ပြန်ကြားလိုက်ရတယ် ..

အရင်လိုပဲ စူရှတဲ့အကြည့် စွဲမက်စရာ
နှုတ်ခမ်းတစုံနဲ့ MEW ပုံစံက ပြောင်းလဲတာ
မရှိ ..
တည်တည်ကြည်ကြည်နဲ့ ကြည့်တတ်တာက
အရင်လိုပဲ ..

ပြောင်းလဲသွားတာက သူ့ဘေးမှာ
အဖော်တစ်‌ယောက်ရှိနေခဲ့ပြီ  ..

အထီးကျန်တယ်လို့ ပြောတတ်ခဲ့တာ ခုတော့
MEW အထီးမကျန်တော့ဘူးပေါ့ ..
အဆင့်အတန်းချင်း ဂုဏ်တူချင်း ဆိုတော့
လိုက်ဖက်ညီတာပေါ့ ..

Pui Fai နဲ့ MEW တို့ စကားဆိုတာ
ဓာတ်ပုံအတူတူရိုက်တာ  ပြီးတော့
MEW ပြန်သွားတာအထိ
Gulf အလုပ်မလုပ်ပဲ ရပ်ကြည့်နေမိတယ်..

ည ၁၂ နာရီလောက်မှ Gulf အလုပ်ပြီးတယ် .

လုပ်အားခ ပေးတာ ယူပြီး  နောက်ကျတာနဲ့ အဆောင်မပြန်‌တော့ပဲ Lhong တို့အိမ်မှာ
Gulf  ဝင်အိပ်လိုက်တယ် ..

Lhong အိမ်ရောက်တော့ Lhong လည်း
ပြန်ရောက်နေတယ် ..

" မင်း ဒီနေ့ စောသားပဲ Lhong "

" အေးကွ ဒီနေ့ ဧည့်သည်နည်းလို့ "

" အော် ! ငါ ရေးချိုးအုန်းမယ် "

" ချိုးလေ Gulf ထမင်းရော "

" အလုပ်မှာကျွေးလို့ စားခဲ့တယ် "

အရင်ထက် ပို ပင်ပန်းနေတဲ့ ပုံစံဖြစ်နေတဲ့
ရေချိုးဖို့ အိမ်ရှေ့ထွက်သွားတဲ့ Gulf ကို
Lhong  သတိထားလိုက်မိတယ် ..

‌ရေချိုးပြီး အိပ်ယာဝင်ကြတဲ့အထိ
Gulf နှုတ်ဆိတ်နေတယ် . 
အရင်ကဆို ဘယ်လိုပွဲမျိုး ဘယ်သူတွေ ဘယ်လိုဝတ်စား လာကြတယ်
ဘာတွေဖြစ်ကြတယ်နဲ့သူ့ကို
စကားတွေ ဖောင်ဖွဲ့တတ်တာ ..

ညဉ့်ငှက်Where stories live. Discover now