ညဉ့်ငှက် .. (အပိုင်း ၁၂ )
🐦🐦🐦🐦🐦
MEW အခန်းထဲ Gulf တယောက်ထဲ
ဝင်လာပြီးဟို ပစ္စည်း ဒီပစ္စည်းတွေ
လိုက်ကြည့်နေမိတယ်MEW စားပွဲခုံပေါ်က
လွန်ခဲ့တဲ့တစ်နှစ် မြင်းပွဲမှာရိုက်ထားတဲ့
သူ့ ဓာတ်ပုံလေး ကို ဘောင်သွင်းပြီး
ထောင်ထားတာ မြင်ရတော့
Gulf ပြုံးမိသွားတယ်အဲဒီအချိန်တုန်းက MEW ဓာတ်ပုံရိုက်တာ
သိပေမယ့် ဒီလိုပဲ အပျော်ရိုက်တာပါဆိုပြီး
Gulf သိပ်ပြီး အာရုံမထားမိ ..နောက်တော့ သူလည်း
ကိုယ့်အကြောင်းနဲ့ကိုယ်
ဒီ အရာတွေကို မေ့သွားတော့တယ် ..ရုံးခန်းကို MEW ခေါ်လာပြီး ဒီပုံလေး
ပြတော့မှပဲ Gulf သတိရတော့တယ် .." ကိုယ် တစ်နှစ်လုံး
မင်းရဲ့ ဒီပုံလေးကို ကြည့်ပြီး
ဖြေသိမ့် အားတင်းထားခဲ့တာ "သူ့ပါးပြင်ကို ကိုင်ပြီး MEW ပြောခဲ့တုန်းက
Gulf ကြည်နူးခဲ့မိသေးတယ် ..ဟိုကြည့် ဒီကြည့် နဲ့ ညောင်းလာတာနဲ့
Gulf ဆိုဖာပေါ် ထိုင်ရင်း ဖုန်းထုတ်ပြီ
ဂိမ်ဆော့နေလိုက်တယ် ..MEW ကို စောင့်နေရင်း အိပ်ငိုက်လာတာနဲ့
ဆိုဖာကို မှီရင်း Gulf အိပ်ပျော်
သွားတော့တယ်" ဟုတ်ကဲ့ ကျတော်တို့
နောက်မှ ဆုံကြတာပေါ့ "ဧည့်သည်တွေနဲ့ စကားပြောဆိုပြီး
MEW နှုတ်ဆက်လိုက်တယ် ." Gulf ရောက်နေတယ် MEW "
ဧည့်သည်တွေကို လက်ပြနှုတ်ဆက်နေတဲ့
MEW အနား No တိုးတိုးကပ်ပြီး
ပြောလိုက်တယ်" ဟင် ! ဟုတ်လား ကြာပြီလား "
Gulf ဖုန်းဆက်ထားလား ဆိုပြီး
MEW သူ့ဖုန်းကိုထုတ် ကြည့်လိုက်တယ် .ဖုန်းလည်းမဆက်ပါဘူး ..
" ကြာပြီ မင်း ဧည့်သည်တွေနဲ့
စကားပြောနေကတည်းက ..ငါ မင်း ရုံးခန်းမှာ စောင့်နေလို့
ပြောလိုက်တယ်"MEW သူ့လက်က နာရီ ကြည့်လိုက်တော့
မွန်းလွဲချိန် ရောက်နေပြီ ..
YOU ARE READING
ညဉ့်ငှက်
Fanfictionအမှတ်မထင် တွေ့ခဲ့ရတဲ့ ညငှက်လေး ဒီငှက်လေးကို သူ ..... MEW Suppasit " I love you " ဆိုတဲ့ စကားသံတိုးတိုးလေး သူ ရေရွတ်မိတယ် ။ Gulf Kanawut