ညဉ့်ငှက် ( ဇာတ်သိမ်းပိုင်း )

2.3K 103 14
                                    

ညဉ့်ငှက် .. (ဇာတ်သိမ်းပိုင်း)

🐦🐦🐦🐦🐦

" Gulf "

လေသံ သဲ့သဲ့လေးနဲ့ ခေါ်လိုက်ပြီး
Gulf ကို MEW လွှတ်သွားမှာ စိုးရိမ်သလို
ဖက်ထားလိုက်တော့တယ် ..

နှစ်ယောက်သား ဖက်ပြီး အသံတိတ် မျက်ရည်ကျနေကြတယ် ..

အခန်းဝကနေ အထဲက အခြေအနေကို အသာ လှမ်းကြည့်လိုက်ကာ
သူ ဝင်ပါစရာ မလိုတော့ဘူးလို့
တွေးလိုက်ရင်း  No ဧည့်ခန်းမှာအေးဆေး ထိုင်ပြီး အလုပ်ကို ဖုန်းဆက်နေလိုက်တယ် ..

" ဒါက ဘာတွေလည်း ဘယ်လိုတွေ
ဖြစ်တာလည်းP' ရယ် .. "

MEW မျက်နှာကို Gulf လက်နှစ်ဘက်နဲ့
ကိုင်ကြည့်လိုက် ..
MEW ရဲ့ ကွဲနေတဲ့ လက်ဖဝါးကို ကြည့်နဲ့
Gulf မချိတင်ကဲ ဖြစ်နေရတယ် ..

" ကိုယ့်ကိုကိုယ် အပြစ်ပေးထားတာ ..
မင်းအပေါ် ကိုယ် သံသယတွေနဲ့
မယုံကြည်ခဲ့လို့"

" P' အဲလိုဖြစ်ရတာ
ကျတော့်အပြစ်လည်း ပါပါတယ် ..

ကျတော်သာ ‌ပွင့်လင်းခဲ့ရင်း
P'MEW လည်း ဒီလိုတွေ တွေးမိမှာ
ခံစားရမှာ မဟုတ်ဘူး ..

ခုတော့ ကြည့်ပါအုန်း .. "

MEW လက်တဖက်ကို Gulf ရင်ခွင်ထဲမှာ
ကြင်ကြင်နာနာနဲ့ ပွေ့ပိုက်ထားလိုက်မိတယ် ..

" Gulf ကိုယ် တောင်းပန်ပါတယ်နော် ..
အဲဒီစကားကို ကိုယ် လေးလေးနက်နက်
ပြောတာပါ  ..

ကိုယ် မင်းအပေါ် သံသယတွေ
မထားသင့်တာ
Gulf ထက် အသက်ကြီးပြီး
ကိုယ် အသိစိတ်ကအမှောင်ကျခဲ့တာ . 

အကျိုးအကြောင်းကို မဆင်ခြင်နိုင်အောင်
အသိစိတ်တွေ တုံး အ ခဲ့တာ ..

Gulf နဲ့ ဝေးရတော့ အဲဒါတွေက
ကိုယ့်အတွက် အရေးပါတဲ့ အရာတွေ
မဟုတ်တော့ဘူးဆိုတာနားလည်
သွားရတယ် ..

Gulf ကိုယ့်အနား ရှိနေဖို့သာ
အဓိက ဘာတွေပဲဖြစ်လာဖြစ်လာ
ကိုယ်ရင်ဆိုင်ဖို့ အသင့်ပဲ ..

" P' ကျတော့် 
ဆေးစစ်ချက်မကြည့်ဘူးလား "

" ကိုယ့်အတွက် မလိုအပ်တော့ဘူးလေ "

ညဉ့်ငှက်Where stories live. Discover now