ညဉ့်ငှက် (အပိုင်း၉)

1.3K 94 3
                                    

ညဉ့်ငှက် .. (အပိုင်း ၉ )

🐦🐦🐦🐦🐦

Gulf ဘန်ကောက် ‌ပြန်ရောက်ပြီး လုပ်နေကြ
အလုပ်တွေ လုပ်နေရင်း  အောင်စာရင်း
ထွက်တာရင်တခုန် ခုန်နဲ့ စောင့်နေမိတယ် ..

" တူ..  တူ .. တူ  "

ကော်ဖီဆိုင်မှာ အလုပ်ဝင်နေရင်း ဖုန်းလာလို့
ကြည့်လိုက်တော့  Fait ..

ဒီကောင်တော့ ဘာတွေများ အရေကြီးလို့
ဖုန်းဆက်ပါလိမ့်  ??..

" Hello Fait. "

" အင်း Gulf ဖုန်းပြောလို့ရလား "

" မြန်မြန်ပြော ဘာလည်း "

" မနက်ဖြန် အောင်စာရင်းထွက်မယ်နော် "

" အေးပါ ငါသိပါတယ် "

" ဒါပဲမဟုတ်လား ငါ ဖုန်းချလိုက်တော့မယ်
ဧည့်သည်တွေ ရှိနေလို့ "

ဒီအောင်စာရင်းကို မျှော်နေတာ
တကယ်တမ်းသိရတော့မယ် ဆိုတော့
Gulf ရင်ခုန်ရပြန်တယ်

ဒီလိုနဲ့ Gulf တို့ မျှော်လင့်နေတဲ့ ရက်ကို ရောက်လာတော့တယ် ..

" ဟေး Gulf , Gulf 
ငါတို့ အားလုံးအောင်တယ် "

" ဟုတ်လား ငါ ကြည့်လိုက်အုန်းမယ် "

Fait ပြောပေမယ့် Gulf ကတော့
ကိုယ်တိုင်ကြည့်ပြီး ပျော်ရတဲ့  ခံစားချက်ကို ခံစားကြည့်ချင်မိတယ် ..

" Gulf Kanawut ... ခုံအမှတ် .. "

သူ့နာမည်နဲ့ ခုံနံပါတ်ကို
သူ့မျက်လုံးနဲ့ တွေ့လိုက်ရတော့
Gulf စိတ်ထဲ ဝမ်းသာသွားရတယ် .

ဘယ်လောက်ပဲ အလုပ်တွေများပြီး
ပင်ပန်းခဲ့ပါစေ ဒီလို ကိုယ့်နာမည်ကို အောင်စာရင်းစာရွက်မှာ တွေ့လိုက်တာနဲ့
ပင်ပန်းမှု့ အားလုံးက သူ့အတွက် ဘာမှ
မဟုတ်တော့သလို Gulf ခံစားမိတယ် ..

ကြည်နူးဝမ်းသာရတဲ့ ခံစားချက်ကို
Gulf ဘာနဲ့မှမလဲချင်အောင် ဖြစ်မိတယ် .. 

ဒုတိယနှစ်ဝက်ကို ရောက်လာတော့
Gulf တို့ စာတွေများလာသလို
စာမေးပွဲတွေလည်း
မကြာ မကြာ ဖြေလာရတယ်  ..

အလုပ်တဖက်နဲ့ စာတွေ များလာပေမယ့် 
Gulf စာဘက်ကိုတော့ မလစ်ဟင်းအောင် ကြိုးစားခဲ့တယ် ..

ညဉ့်ငှက်Where stories live. Discover now