ညဉ့်ငှက် အပိုင်း(၁၀)

1.3K 87 3
                                    

ညဉ့်ငှက် .. (အပိုင်း ၁၀ )

🐦🐦🐦🐦🐦

MEW မင်း ခုတလော အလုပ်တွေ
များနေတယ်ထင်တယ်နော် ရုံးမှာကို
မတွေ့ရဘူး "

No ပြောလည်း သူ ခံရတော့မှာပဲ ..

Gulf နဲ့တွေ့ပြီး နောက်ပိုင်း
MEW  အာရုံတွေ များနေရတယ် ..
အလုပ်ကိစ္စ ပြီးတာနဲ့ သူ အပြင်ပဲ
ရောက်နေတယ်
အပြင် ဆိုတာထက် တိုနီ ရှိပဲ
အများဆုံးသွားဖြစ်ခဲ့တာ  ..

သူနဲ့ မတွေ့ရတဲ့ တစ်နှစ်ကျော်အတွင်းမှာ
တိုနီကGulf နဲ့ အနီးဆုံး ရင်းနှီးသူ ဖြစ်ခဲ့တာ ..
အဲဒီတော့ Gulf အကြောင်းတစိတ်တပိုင်း
တိုနီကိုသူ မေးမြန်းရ‌တော့တယ် ..

" လာ ထိုင်အုန်း No "

ခုတလော MEW မျက်နှာက
ထူးထူးခြားခြားရွှင်လန်းတက်ကြွနေတာ
သူ တွေ့နေရတယ် . 

အမြဲတမ်း အလုပ်ကလွဲပြီး
အထီးကျန်နေတဲ့ယောက်ျားတယောက်
ပျော်ရွှင်နေတယ်ဆိုတာ
ဘာဖြစ်နိုင်မလည်း . 

အချစ်‌ပဲပေါ့
အချစ်နဲ့ တွေ့ရင်း
လူတိုင်းအနည်းနဲ့အများ
ပြောင်းလဲတတ်ကြတာပဲမဟုတ်လား  ..

MEW လည်း အချစ်နဲ့ တွေ့နေပြီထင်တယ် ..

သူစားပွဲ အံဆွဲထဲက Gulf ရဲ့  ဓာတ်ပုံကို
MEW ထုတ်လိုက်တယ် ..
ပြီးတာနဲ့ ဆိုဖာခုံမှာ ထိုင်နေတဲ့ No ကို
သူ လှမ်းပေးလိုက်တယ် ..

MEW လှမ်းပေးတဲ့ ဓာတ်ပုံဘောင်ကို အူကြောင်ကြောင်နဲ့ ကြည့်ပြီး
No လှမ်းယူလိုက်တယ် . 

ယောက်ျားလေးတစ်ယောက်
ပြုံးရယ်တာ ဒီလို ချစ်စရာ
ကောင်းလို့လား လို့ ဓာတ်ပုံထဲက
‌ရယ်နေတဲ့ ကောင်လေးကို ကြည့်ပြီး
No တွေးမိသွားတယ် ..

Noဖြစ်နေတဲ့ ပုံစံကို
MEW‌အေးဆေး ထိုင်ကြည့်နေလိုက်တယ် . 

" ဒါ ဘယ်သူလည်း MEW "

MEWမှာ သွေးရင်းမောင်နှမ မရှိတာ
Noသိပြီသား ဒါဆို ဒါက ဘယ်သူပုံလည်း ..

မဟုတ်မှလွဲ ရော .... 

" MEW   ဒါက ... "

No စကားမဆက်ပဲ  ဓာတ်ပုံကို ထောင်ပြပြီး
MEW ကို အဓိပ္ပယ်ပါပါ  ကြည့်လိုက်တယ်

ညဉ့်ငှက်Where stories live. Discover now