Taehyung pov;
မရောက်ချင်ဆုံးတနလ်ာနေ့ကိုရောက်လာပြန်ပီ စနေ၊တနဂ်နွေ ဆိုသည်မှာလည်း အီးတစ်ပေါက်တောင်မကြာသလို။အခုလည်းအလုပ်သွားဖို့ပြင်ဆင်ရအုံးမယ် ဟူးးးး ဖိုက်တင်း ကင်ထယ်ရေ
အဝတ်အစားကရုံးကပေးတဲ့ပုံမလာပန်းမလာ ဘောင်းဘီအနက်အကြပ်နဲ့ shirtလက်ရှည်အပွကြီးနဲ့။ သူများတွေနဲ့ဆိုအကုန်ကွက်တိတွေဖစ်နေပီမဲ့ ကင်ထယ်လေးအတွက်ကတော့ ဘောင်းဘီကအဆင်ပြေပါရက်နဲ့ အကျီကျမှ မီးပုံးပျံကြီးလိုဖြစ်နေတာတော့ စားသလောက်ကြက်ဥတွေထွက်မလာတဲ့သူ့ကိုယ်သူပဲဖက်နမ်းရမလားတောင်မသိတော့။
ရုံးအကြောင်းအတင်းတုပ်ရင်းညနာရီကြည့်လိုက်တော့ 8နာရီထိုးပီးလို့10မိနစ်
အားးးးအလုပ်နောက်ကျနေပီ ဘိုင့်အီ~
အလုပ်သို့ရောက်သော်~~~
"တောင်းပန်ပါတယ် ဂျာကြီးကျွန်တော်နည်းနည်းလေး-အာ...နည်းနည်းလေးမဟုတ်ဘူးပဲ 15မိနစ်လောက်နောက်ကျသွားပါတယ်"
"ရပါတယ်ထယ်ယောင်းရယ် ဖြစ်တတ်ပါတယ်ဒါမျိုးက"
"ကျေးဇူးတင်ပါတယ် ဂျာကြီး"
"အေးအေး နေရာကိုသွားတော့"
"ဟုတ်"
ကိုယ်နေရာကိုလာထိုင်နေတုန်း
"ဟျောင့် ကင်ထယ်ယောင်း"
လာပြီ ရုံးတက်ရင်မဖြစ်မနေရန်ပွဲကိုဆင်ရတယ် အဲ့ရန်ပွဲကလည်း ဘယ်သူနဲ့မှမဟုတ်ဘူး အဲ့ရာထူးလေးမဆိုသလောက်ကြီးတဲ့ လီမင်ဆိုးဆိုတဲ့ စီနီယာနဲ့
"ဘာလဲကွာ"
မနက်ထဲကဘာမှမစားရသေးတော့ခေါင်းတွေမူးပီး အသံတွေမာကုန်တာ
သွားပြီ ပြဿနာစပီ
သူ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေကလည်းအကြောင်းသိဟန်နဲ့အနားကနေလှစ်သွားကြတာ
အော်...တရားကျဖို့ကောင်းလိုက်တာ
"ဟက် စီနီယာကိုမခန့်မလေးစားနဲ့ ဘာလဲ မင်းကဂျာကြီးအရေးပေးတာခံရလို့မြှောက်တက်နေတာလား
အဲ့မြှောက်တက်နေတဲ့ အချိုးကိုပြင်လိုက်မလား ငါချိုးပေးရမလား ဟမ်"
YOU ARE READING
Favourite Crime
FanfictionJeon Jungkook ကိုယ်ကမင်းရဲ့အကြိုက်ဆုံးပြစ်မှုကြီးဖြစ်ပါစေကလေးငယ်...