Part-7

93 15 59
                                    

Taehyung pov:

အား ခေါင်းတွေကိုက်လိုက်တာ တစ်ကိုယ်လုံးလဲကိုက်ခဲနေတာပဲ ကိုယ်လက်ကလေးတောင်မသယ်နိုင်တော့ဘူး မျက်လုံးတွေဖွင့်လိုက်တော့ အခန်းကအညိုရောင်ရင့်ရင့်လေးတွေနဲ့ လိုက်ကာလေးတွေကလည်းအညိုရောင်လေးတွေနဲ့ဆင်ထားတာ

"ငါဘယ်ကိုရောက်နေတာလဲ"

"နိုးလာပီလား ထယ်ယောင်းလေး"

အသံကြားလို့ကြည့်လိုက်‌တော့‌ဟိုယုန်ကြီး အယ်
စီအီးအိုကြီး

သူစကားပြန်ပြောမလိုပြင်နေစဉ်မှာ သူ့နှုတ်ခမ်းကိုလာပိတ်တဲ့လက်ညိုးလေးတစ်ချောင်း

"ရှူးရှူး စကားမပြောနဲ့အားတွေကုန်မယ်နေပြန်ကောင်းသေးတာမဟုတ်ပဲနဲ့"

"ဟိုဟာ-"

"အော် မပြောပါနဲ့ဆိုနေ ထယ်ယောင်းရာ"

သူခေါင်းလေးပဲညိမ့်ပြလိုက်တော့ သူ့ခေါင်းလေးကိုလာပုတ်တဲ့ သကောင့်သားး

နေပါအုံး ရုပ်ကြည့်တော့ဖြင့် နို့နံ့မစင်သေးတဲ့ရုပ်ကဘာကိစ္စငါ့ကိုကလေးလို့လာဆက်ဆံနေတာလဲ

"ကဲ စဉ်းစားနေတာတွေရပ်တော့ အခုဆန်ပြုတ်လေးသောက်လိုက်အုံး"

"ခင်ဗျားကိုယ်တိုင်ပြုတ်ထားတာလား"

"အယ် ဟုတ်တယ် ပထမဆုံးအကြိမ်ကြိုးစားကြည့်ခြင်းပေါ့ သောက်ကြည့်ပါအုံး "

ပထမဆုံးအကြိမ်ကြိုးစားခြင်းဆိုထဲကအရသာကို ခန့်မှန်းမိသလောက်ရှိနေပီ ဘုရားဘုရား

သောက်ကြည့်လိုက်တော့ မဆိုးဘူးပဲ သောက်လို့ကောင်းသားပဲ ဒီလူကဘက်စုံတော်နေတာပဲ

"ဟုတ် သောက်လို့ကောင်းပါတယ် ကျေးဇူးတင်ပါတယ်နော် ကျွန်တော့်ကိုကူညီတဲ့အတွက်ကော အခုလို့အိမ်မှာနေခိုင်းတဲ့အတွက်ကော

"ဒါတွေကပြောစရာမလိုပါဘူး အချိန်တန်ရင် ထယ်ယောင်းလေးဒီမှာတစ်သက်လုံးနေသွားရမဲ့ဟာကို တစ်ရက်တစ်လေနေတာက ကိစ္စမရှိပါဘူး"

"အဟွတ်..ဗျာ"

" အယ် မဟုတ်ဘူးလေ ထယ်ယောင်းလေးကကိုယ်တဲ့တူတူအလုပ်လုပ်ရတော့မှာလေ အဲ့တော့ အလုပ်တွေနောက်ကျမှပြီးရင် ကိုယ်အိမ်မှာအိပ်ရတဲ့အချိန်တွေရှိလာမှာလို့ အဲ့တာပြောတာပါ"

Favourite CrimeWhere stories live. Discover now