Part-1

366 33 14
                                    

အချိန်အားဖြင့်လူခြေတိတ်ချိန်ကိုရောက်ရှိလေပေါ့
ဘဝကိုသာမန်ဖြတ်သန်းနေတဲ့လူတွေအတွက်ထိုအချိန်ကတစ်နေ့တာလုံးပင်ပန်းနေသမျှကို ကောင်းစွာအိပ်စက်အနားယူ‌တဲ့အချိန်ပေါ့။ ထိုသာမန်လူများထဲမှာ Jeon Jungkookဆိုတဲ့လူသားမပါချေ။
သူ့အတွက်ဒီအချိန်သည် လုပ်ငန်းစတင်ရန်အချိန်ဖြစ်သည်လေ။ဒီအချိန်မှလုပ်ငန်းစတယ်ဆိုတော့
အားလုံးထင်တဲ့အတိုင်း သမာရိုးကျလုပ်ငန်းတော့ဘယ်ဟုတ်ပါ့မလဲ။သမာရိုးကျအလုပ်မဟုတ်ဘူးဆိုတိုင်း ဒုစရိုက်အလုပ်ရယ်လို့လဲမဟုတ်ပြန်။

အချိန်အားဖြင့်11နာရီခွဲ

အလုပ်စလုပ်ရမဲ့အချိန်ကိုရောက်လာတာပေါ့။
ခေါင်းမှခြေဖျားထိ ပတ်ဝန်းကျင်အခြေအနေနဲ့ကွတ်တိဖြစ်မယ့် အနက်ရောင်ကိုဝတ် နေအိမ်မှထွက်လာပီး အလုပ်လုပ်မဲ့နေရာကို ကိုယ့်ရဲ့လက်စွဲတော်လေးဖစ်တဲ့ ဆိုင်ကယ်တစ်စီးနဲ့ အော်...ဆိုင်ကယ်လို့ပြောလို့
ငွေကြေးမပြည့်စုံဘူးလို့ထင်ကြမယ်မလား?
ကျွန်တော်ကိုယ်တိုင်ကိုကအဲ့လိုထင်အောင်နေတာပဲလေ
ပတ်ဝန်းကျင်ကမြင်ချင်သလိုမြင်ပါ‌စေ
မြင်တယ်လို့ဆိုရအောင်လဲ
ကိုယ်ကိုတိုင်ကလူခြေတိတ်ချိန်မှအပြင်ထွက်တော့လဲ ဘယ်သူကသတိပြုမိကြပါ့မလဲ..
ထားပါတော့ သူတို့သတိပြုမိမိမပြုမိမိ ကိုယ်အလုပ်ကိုလုပ်ရမှာဖြစ်လို့ ဆိုင်ကယ်ပေါ်တက်ပီး အလုပ်ရှိရာနေရာကို ဦးတည်ပြီး မောင်းတာပေါ့..

FAVOURITE CRIME

အလုပ်ရှိရာခြံကြီးရှေ့ကိုရောက်တော့ ခြံတံခါးကိုဖွင့်ပေးရန် ဆိုင်ကယ်ဟွန်းကိုအကျယ်ကြီးတီးလိုက်လေသည်။ ဒီချိန်ကြီး ဟွန်းအကျယ်ကြီးတီးတော့ ပတ်ဝန်းကျင်အနှောင့်အယှက်မဖြစ်ဘူးလား?
မဖြစ်ဖူးလေ မဖြစ်ဖူးဆို ကျွန်တော်ကမြိုနဲ့တော်တော်အလှမ်းဝေးတဲ့နေရာ အလွယ်နည်းနဲ့ပြောမယ်‌ဆိုရင် ကားလမ်းမဟောင်းကြီးတစ်ခုရဲ့ဘေးမှာရှိနေတာ ဒီကားလမ်းမကြီးကို ကားတစ်စီးတစ်လေ ဖြတ်သွားတတ်ပေမဲ့ အမြဲတမ်းတော့မဟုတ်ဘူး ဆိုတော့ ဒီနေရာကအလုပ်လုပ်ဖို့အတွက်အကောင်းဆုံးနေရာပေါ့...

ခြံတံခါးကိုအိမ်မှာအစောင့်အရှောက်အနေနဲ့ထားထားတဲ့ အလုပ်သမားနှစ်ယောက်ကကြောက်အားလန့်အားလာဖွင့်ပေးသည်လေ
ဒါပဲဖြစ်သင့်သည်လေ ကျွန်တော်ကဟန်ဆောင်နေထိုင်တဲ့မြို့မှာသာဘာကောင်မှမဟုတ်ပေမဲ့ ကျွန်တော်နဲ့သက်ဆိုင်ရာနယ်ပယ်မှာတော့
ကျွန်တော့်ကို အသားတဆတ်ဆတ်တုန်အောင်ကြောက်ရတာ အကြောင်းအရင်းတွေကတော့ ပြောရင်ဘယ်ကုန်ပါ့မလဲ အဲ့ထဲကအရေးအကြီးဆုံးအကြောင်းအရင်းတော့ သူ့နယ်ပယ်ကလူတွေအကုန်သိကြတယ် အဲ့တာက....

Favourite CrimeWhere stories live. Discover now