Jungkook pov;
ခေါင်းမူးနေလို့ဆိုပီး ထမင်းတူတူစားမှာကိုမလိုက်တော့တဲ့ဟျောင်း။အခုတော့ ဘေဘီနဲ့နှစ်ယောက်ထဲပဲသွားရတော့မယ်။ဒါလည်းတစ်မျိုးကောင်းတာပါပဲလေ.."အဲ့တာဆို ထယ်ယောင်းလေးသွားစားကြမလား"
"ဟိုဟာ ကျွန်တော်ခဏလေးလက်စသတ်စရာလေးတွေလုပ်လိုက်အုံးမယ်နော် ပြီးရင်ကျွန်တော် ဖုန်းပဲဖြစ်ဖြစ်ဆက်လိုက်ပါ့မယ်"
"ဟုတ်ပါပီ ကိုယ်စောင့်နေမယ်နော်"
ခေါင်းလေးညွတ်ပီး အခန်းပြင်ထွက်သွားတဲ့ကလေးငယ်ရဲ့ကျောပြင်ငယ်လေးကအစကြည့်ကောင်းလိုက်တာ။ဒီကလေးငယ်လေးရဲ့တစ်နေ့တစ်ခြားပိုပိုချောလာတဲ့အပြင် ကောက်ကြောင်းလေးကပါလှပလာတော့ အူတိုရသည်မှာလည်းမလွဲ။ကလေးငယ်ရဲ့ကျောပြင်လေးပျောက်သွားတော့မှ စားပွဲပေါ်တင်ထားတဲ့ဖုန်းလေးမြည်ထားမှန်းသတိထားမိသည်လေ။ဖုန်းခေါ်ဆိုသူကိုကြည့်လိုက်တော့ အမည်မသိဖုန်းနံပါတ်။ကိုင်ကြည့်လိုက်တော့
"ဟယ်လို အမိန့်ရှိပါခင်ဗျ"
"ဟာ ဂျွန်ကကွာ တို့ကိုမမှတ်မိတော့ဘူးလား"
ရုတ်တရက်ထွက်ပေါ်လာတဲ့ ဆပ်ပြာပေါ်ငါးရှဉ့်တက်ထိုင်ထားတဲ့အသံကြောင့် လန့်သွားတော့အမှန်ပင်။
"အခုပြောနေတာဘယ်သူလဲမသိပေမဲ့ ကျွန်တော့်ကို ဂျွန်လို့ခေါ်ခွင့်ရှိတာတစ်ယောက်ထဲမလို့အဲ့နာမည်ကိုလက်လွတ်စပယ်မခေါ်ပါနဲ့"
"ဂျွန်ရယ် အဲ့တစ်ယောက်က တို့မဟုတ်ဘူးလားလို့
ခိခိ အဲ့လောက်ကြီးမစိမ်းကားပါနဲ့ မရင်းနှီးတဲ့သူတွေလည်းမဟုတ်ပဲနဲ့""ဒီမှာ လူလို့ပြောနေတယ်လေအဲ့နာမည်ကိုမခေါ်နဲ့လို့!သေချင်နေတာလား နောက်နေ့နေ့ထွက်တာမကြည့်ချင်တော့ဘူးလား!"
"စိတ်ကိုလျော့ပါ တို့ကမီယောင်းပါ စိတ်ကြီးပဲ ဟွန့်"
မီယောင်း မီယောင်း ဘယ်သူလဲအဲ့တာ
"ဂျွန်ကစဉ်းစားနေပြန်ပီ တို့မီယောင်းလေ မင်မီယောင်း မင်ဂျုံယောင်းရဲ့သမီးလေ"
အော် ရှယ်ယာရှင်တစ်ဦးရဲ့သမီးဆိုတဲ့ပက်ကျိမ။သူများအတွက်ဘယ်လောက်ပဲချောချောလှလှ သူ့အတွက်က လိုက်ကပ်နေတဲ့ပက်ကျိမတစ်ကောင်ထပ်မပိုဘူး အခုဘာကိစ္စနဲ့ဖုန်းဆက်တာပါလိမ့် အဲ့လိုဖုန်းဆက်ရအောင်လဲရင်းနှီးတာမဟုတ်ပဲနဲ့
YOU ARE READING
Favourite Crime
FanfictionJeon Jungkook ကိုယ်ကမင်းရဲ့အကြိုက်ဆုံးပြစ်မှုကြီးဖြစ်ပါစေကလေးငယ်...