Jungkook pov;
တစ်ယောက်တော့ထပ်ရှင်းပြီးသွားပီ ကလေးနားမှာဘယ်သူမှရှိတာကိုမကြိုက်ဘူး ကိုယ်ကလွဲရင် ကလေးဘေးနားမှာရှိတဲ့ ကျား/မဘယ်သူမဆို အသက်ရှင်လျက်မမြင်ချင်ဘူး ဒါကိုအတ္တလို့အမည်တပ်မယ်ဆိုရင်လဲတပ်နိုင်ပါတယ် ကလေးကိုမှအဆုံးရှုံးမခံနိုင်တာ သေချာတာတစ်ခုကတော့ကိုယ်ကမင်းမရှိရင်သေသွားမှာမလို့ ကိုယ်နားကထွက်သွားမယ်ဆိုတဲ့စကားကလွဲလို့ဘယ်စကားကိုမှမပြောပါနဲ့ ချစ်ရတဲ့ကလေးငယ်~~
Taehyung pov;
ဒီနေ့ရုံးပိတ်ရက်မလို့ အိမ်မှာအေးဆေးနေရင်းနဲ့TVကိုဖွင့်ကြည့်လိုက်တယ်
"ဘာမှလည်းကြည့်စရာမရှိဘူးပဲ ပျင်းစရာကြီး သတင်းပဲနားထောင်တော့မယ်"
သတင်းchannelကိုလှည့်ဖွင့်လိုက်တော့ စစချင်းတွေ့တဲ့သတင်းက
"အခုတင်ဆက်မှာကတော့ ကော်ဖီဆိုင်လေးရဲ့နောက်ဘက်မှာ လူသေအလောင်းတစ်လောင်းတွေ့တဲ့သတင်းပဲ ဖြစ်ပါတယ် တာဝန်ရှိသူတွေက ဒီကိစ္စကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်
အခင်းဖြစ်ရာပတ်ဝန်းကျင်မှာလည်းလက်စလက်နမရှိအောင်ကို သဲလွန်စတစ်စွန်းတစ်စမှမရှိတဲ့အတွက် တာဝန်ရှိသူတွေမှာလဲ ဒီကိစ္စကိုခေါင်းစားလျက်ရှိပါသည်-------""ဘယ်လိုလူမျိုးကလုပ်ရက်တာပါလိမ့် ဒီလိုရက်စက်တဲ့အလုပ်ကို စာနာစိတ်မရှိတဲ့သူပဲ"
တင် တောင်(အိမ်ရှေ့ကbellတီးသံနော်)
"ဟာ ဘယ်သူလဲကွာ ရုံးပိတ်တာအိမ်မှာအေးဆေး-ဟမ် အကို~"
"ထယ်ယောင်းလေး အိမ်မှာအေးဆေးနေရမဲ့အချိန်ကိုဖျက်စီးမိသလိုဖြစ်သွားလားဟင်"
"အကိုရယ် မဖြစ်ပါဘူး ကျွန်တော်တောင်အခုပျင်းနေတာ အိမ်ကိုတစ်ယောက်ယောက်လာရင်ကောင်းမယ်ဆိုပီးတွေးနေတာ အကိုကချက်ချင်းရောက်လာတာပဲ"
"အဲ့တာဆို ကိုယ့်ကိုအိမ်ထဲမဝင်ခိုင်းတော့ဘူးလား"
"မဝင်ခိုင်းတော့-အဲလေ ဝင်ပါ အားမနာပါနဲ့ ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားလို့ရပါတယ်"
"အဲ့တာဆိုအားမနာတော့ဘူးနော်"
"အကိုခဏထိုင်အုံးနော် ကျွန်တော်တစ်ခုခုသွားယူပေးမယ်"
YOU ARE READING
Favourite Crime
FanfictionJeon Jungkook ကိုယ်ကမင်းရဲ့အကြိုက်ဆုံးပြစ်မှုကြီးဖြစ်ပါစေကလေးငယ်...