Part-4{U/Z}

816 120 2
                                    

Unicode~

ရွန်တို့အိမ်ပြန်ရောက်တော့ဟယ်ရီ့ကိုဆေးတိုက်ပြီးအိပ်ခိုင်းလိုက်တယ်။မတိုက်လို့လည်းမရဘူးလေ၊အရင်တစ်ခါတုန်းကဒီလိုပဲဆေးသောက်ဖို့မေ့တာဆေးရုံတောင်တင်လိုက်ရတယ်လေ။သူ့ရောဂါက၊အယ် ရောဂါရယ်လို့လဲမဟုတ်ဘူး။ဘာမှန်းမသိပါဘူးဗျာ၊ဆရာဝန်တွေကလည်းဆေးပုံမှန်သောက်ပေးရင်အဆင်ပြေပါတယ်လို့ပဲပြောတယ်။ဟယ်ရီအိပ်ပျော်သွားတော့သူနေ့လည်စာပြင်ဖို့လုပ်လိုက်တယ်။ဘာမှမစားရသေးဘူးလေ နေ့လည်အတွက်၊ပြင်တယ်ဆိုတာ စားပွဲပေါ်မှာခင်းကျင်းရုံပဲနော်၊ကိုယ်တိုင်ချက်တယ်လို့တော့မထင်နဲ့၊ဟဲဟဲ တစ်အိမ်ကျော်ကအမေတို့ဆီကချိုင့်ဆွဲလာတာ~
စားပြီးတော့ပန်းကန်တွေဘာတွေဆေးပြီးTVကြည့်ဖို့ဧည့်ခန်းဘက်ထွက်လာခဲ့တယ်။channalတစ်ခုမှာသရဲကားလာနေလို့ကြည့်နေတုန်း-"ဝါးး!!"
"အမေ့"
"ဟားဟားဟား"
"ဟယ်ရီ!!!"
"ဗျာ"
ထူးသာထူးနေတာအရီမပြတ် စိတ်လေတယ်ဒီပေါက်စနဲ့တော့~
"မင်းခနလေးပဲအိပ်ပါလား၊ဘာလို့လဲအိပ်မပျော်လို့လား"

harry's Pov
ရွန်ကဆေးသောက်ပြီးအိပ်လိုက်ဆိုလို့အိပ်လိုက်တယ်။ခနနေတော့ဘာလို့လဲမသိလန့်နိုးလာတယ်၊အာ့နဲ့သူလဲမအိပ်ချင်တော့တာနဲ့အောက်ဆင်းလာတော့TVကြည့်နေတဲ့ရွန်ကိုတွေ့တော့စချင်တာနဲ့နောက်ကနေခြောက်လိုက်တယ်။အာ့မှာသူကြည့်နေတဲ့ကားကလည်းသရဲကားဖြစ်နေတော့ရွန်တစ်ယောက်လန့်သွားတော့ဖြစ်သွားတဲ့ရုပ်ကိုပြလို့ရရင်ပြချင်တယ်။ခုံပေါ်ကတောင်ပြုတ်ကျတော့မယ်။ပြီးမှရွန်က"ခနလေးပဲအိပ်တာအိပ်မပျော်လို့လား"လို့မေးတော့
"အိပ်ပျော်ပါတယ် ဘာလို့ လဲမသိလန့်နိုးလာလို့ပြန်မအိပ်ချင်တော့တာနဲ့ ဆင်းလာတာ"
"အော် အင်း ဒါနဲ့မင်းနေ့လည်စာမစားရသေးဘူးမလား ငါပြင်ပေးထားတယ်"
"မင်းကိုယ်တိုင်ချက်ထားတာလား"
"ကိုယ့်သူငယ်ချင်းကိုအဲ့လောက်ကြီးအထင်မကြီးပါနဲ့၊အမေတို့ဆီက ချိုင့်ဆွဲလာတာ"
"ထင်သားပဲ"
အဲ့လိုပြောပြီးထမင်းစားခန်းထဲဝင်သွားတယ်။တအောင့်နေတော့-
"ခွမ်းး!!ဝုန်းး!!"
ရွန်လဲကမန်းကတမ်းထပြီးသွားကြည့်တော့ကြမ်းပြင်ပေါ်ကပန်းကန်အကွဲတွေရယ်စားပွဲပေါ်လက်ထောက်ထားပြီးကို်ယ့်ကိုယ်ကိုမလဲအောင်ထိန်းထားတဲ့ဟယ်ရီ့ကိုတွေ့လိုက်တော့-
"ဟယ်ရီ ဘာဖြစ်တာလဲ"
"ပန်းကန်ဆေးဖို့သွားတာ ခေါင်းကမိုက်ခနဲဖြစ်သွားလို့ တောင်းပန်ပါတယ်၊ငါ့ကြောင့်ပန်းကန်တွေကွဲကုန်ပြီ"
"ပန်းကန်ကွဲတာအရေးလား၊အခုကောဘယ်လိုနေသေးလဲ ခေါင်းမူးနေတုန်းလား"
"ဟင့်အင်း ခုနကမိုက်ကနဲတစ်ချက်ဖြစ်သွားတာ"
"အော် အာ့ဆိုလဲသွားဧည့်ခန်းထဲမှာသွားထိုင်နေ၊ငါဒါတွေရှင်းပြီးလိုက်ခဲ့မယ်"
"ငါရှင်းလိုက်ပါ့မယ်၊ငါ့ကြောင့်ဖြစ်တာလေ"
"လျှာမရှည်ပါနဲ့ဟယ်ရီရယ် သွားဆိုသွား ငါပြီးရင်လိုက်ခဲ့မယ်"
အာ့နက်ကျတော်လည်းအားနာနာနက်ထွက်လာခဲ့တယ်။ကျတော်ကတကယ်ကိုမကောင်းတာပဲ၊ကျတော့ကြောင့်ရွန်ကောသူ့တစ်မိသားစုလုံးကောပင်ပန်းခဲ့ရတာ၊ကျတော့်မိဘတွေသေခဲ့ရတာလည်းကျတော့ကြောင့်ပဲ၊
အတွေးတွေကလွန်ခဲ့တဲ့13နှစ်ဆီသို့~~
အဲ့နေ့ကမိုးတွေအရမ်းရွာနေခဲ့တယ်။အိမ်လေးတစ်အိမ်မှာတော့-
"သားသားရယ် မနက်ဖြန်ကျသေချာပေါက်ဝယ်ပေးမယ်လေ၊အခုက မိုးတွေအရမ်းရွာနေတယ်လေ မှောင်လည်းမှောင်နေပြီလေနော် သားသား"
၅နှစ်အရွယ်ချစ်ဖို့ကောင်းလွန်းသည့်မျက်လုံးအစိမ်းလေးနက်ကောင်လေးကိုသူ့အမေလီလီပေါ်တာမှချော့နေခြင်းဖြစ်သည်။ဒီနေ့သူ့မွေးနေ့မှာအရုပ်ဝယ်မပေးလို့ဆိုပြီးဂျီကျနေခြင်း၊
"ဗြဲ~~မရဘူး မရဘူး သားသားကဒီနေ့လိုချင်တာ"
"သားသားရယ် အရမ်းမငိုနဲ့လေ မျက်လုံးတွေနာနေလိမ့်မယ်"
သူအဖေဂျိမ်းမှဝင်ပြောခြင်းး~
သို့သော်ဘယ်လောက်ချော့ချော့မတိတ်တဲ့ကလေးလေးကြောင့်ဖေဖေကောမေမေပါ-
"ကဲပါ သားသားရယ် မငိုနဲ့တော့ ဖေဖေတို့သွားဝယ်ကြမယ်၊သွားအကျီင်္္သွားလဲ သွား"
"တကယ်နော် အာ့ကြောင့်ဖေဖေ့ကိုချစ်တာ အာဘွား"
"ဟုတ်ပါပြီ ချွဲစိန်လေးရယ်"
ကလေးလေးအကျီင်္္လဲဖို့အပေါ်တက်သွားတော့လီလီမှ-
"ကိုရေ မိုးတွေဒီလောက်ရွာနေတာကို"
"ရပါတယ် ချစ်ရယ် ဒီနားလေးတင်ပဲကို၊ပြီးတော့ဒီနေ့ကသားသားရဲ့မွေးနေ့လေ"
"ဒါတော့ဒါပေါ့ ကိုရယ် ဒါပေမယ့်..."
"ချစ် အာ့လောက်ကြီးလဲစိုးရိမ်မနေပါနဲ့"
အာ့အချိန်မှာကလေးလေးဆင်းလာပြီး
"သားပြီးပြီဖေဖေ သွားရအောင်"
"လာသားသား လာချစ်"ဆိုပြီးကလေးကိုချီ သူ့မိန်းမပုခုံးပေါ်လက်တင်ပြီးထွက်လာခဲ့တယ်။ကားပေါ်ရောက်တော့သူတို့သားလေးကိုခါးပတ်သေချာပတ်ပေးပြီးအရုပ်ဆိုင်ကိုမောင်းလာခဲ့တယ်။အဲ့အချိန်မှာ-
"ဖေဖေ့!!"
သူ့သားလေးခေါ်လို့လှည့်အကြည့်တစ်ဖက်လမ်းကဝင်လာတဲ့ကားကိုမမြင်လိုက်တဲ့အချိန်-
*တီ!!တီ!!တီ!!တီ!!*
*ဝုနး်!!!*
အဲ့လိုနက်ကားလေးလဲနှစ်ပတ်သုံးပတ်လိမ့်ပြီးအထဲမှာပါတဲ့မိသားစုလေးမှာ အမေနဲ့အဖေကပွဲချင်းပီးဆုံးသွားတယ်။ကလေးလေးကိုတော့ဆေးရုံကိုအချိန်မှီပို့နိုင်ခဲ့တယ်။
*Flashback end*
Ron's side
ကျတော်လည်းဖန်ကွဲစတွေကိုသေချာရှင်းပြီးအိမ်ရှေ့ထွက်လာတော့Sofaပေါ်မှာငိုနေတဲ့ဟယ်ရီ့ကိုတွေ့လိုက်တော့စိတ်ပူသွားပြီး-
"ဟယ်ရီ ဘာဖြစ်လို့လဲ ခေါင်းမူးလို့လားခေါင်းကိုက်လို့လား ဟင် ငါကို့ပြောလေ"
ဟယ်ရီကခေါင်းပဲခါပြတယ်။
"အာ့ဆိုဘာဖြစ်လို့လဲ" "ပန်းကန်တွေကွဲသွားတာကြောင့်လား၊ဟင် ဘာဖြစ်လို့လဲ ဟယ်ရီရယ် မင်းပြောမှငါသိမှာပေါ့"
အဲ့တော့မှာဟယ်ရီကရုှိက်သံတွေနက်ဗလုံးဗထွေးပြောလာတယ်။
"ငါက *ဟင့်*ဟင့်*တကယ်*ဟင့်*မွေးမလာသင့်ဘူး၊ငါက*ဟင့်*တကယ်မကောင်းတဲ့လူပဲ"
"ဟယ်ရီရယ် ဘာတွေလျှောက်တွေးနေတာလဲ ဘာလို့မင်းကမကောင်းတဲ့လူဖြစ်ရမှာလဲ"
"ငါ့မိဘတွေကလည်းငါ့ကြောင့်သေခဲ့တာလေ၊အခုမင်းတို့မိသားစုလည်းငါကြောင့်အလုပ်တွေရှုပ်နေရပြီမလား၊*sob*ငါကတကယ့်အရှုပ်ထုပ်ပဲ"
"လျှောက်မတွေးစမ်းနဲ့ မင်းမိဘတွေသေခဲ့ရတာမင်းကြောင့်မဟုတ်သလို၊မင်းကအရှုပ်ထုပ်လည်းမဟုတ်ဘူး၊ပြီးတော့ငါ့မိသားစုကမင်းကိုဘယ်လောက်ချစ်လဲ မင်းသိတယ်မလား အာ့​ကြောင့်မို့မဟုတ်တာတွေမတွေးနက်ဟယ်ရီ"
"-----"
"ကြားလားငါပြောတာ"
"အင်း*sob*ကြားတယ်*sob*"
"ကြားရင်လည်းပြီးတာပဲ"
ဟယ်ရီဆိုတာအဲ့လိုပါ တစ်ခုခုဖြစ်တာနဲ့သူ့ကိုယ်သူအပြစ်တင်ဖို့ကအရင်၊ဟိုးတစ်ဆုံးထိတွေးချလိုက်တာများ၊
"မငိုနဲ့တော့ တိတ်တော့တိတ်တော့"
အဲ့လိုပြောတော့ခေါင်းငြိမ့်ပြတယ်။
"မင်းညကျရင်ဘာစားချင်လဲ၊ညနေစာကိုအပြင်မှာသွားစားကြမယ်လေ"
"ငါကရပါတယ် မင်းအဆင်ပြေတာစားး"
"အာ့ဆို ညနေကျမှအပြင်ထွက်ပြီးစားချင်တာစားကြတာပေါ့"
"အင်း ဟီးဟီး"
ခုနကငိုထားတာသူမဟုတ်တဲ့အတိုင်းပဲ၊
~boy you got me hooked on to something,
   who could say.~(Ringtoneပါ><)
"ဟယ်လို"
"အေး ရွန် နင်တို့ဒီနေ့ရန်ဖြစ်တယ်ဆို ပြီးတော့ဘာလို့ပြန်သွားကြတာလဲ"
"ဟာမီဝန်းရယ် ဖြေးဖြေးမေးပလ နင့်ကြည့်ပြီးငါတောင်ရေဆာလာပြီ"
"ဖြေမှာသာဖြေစမ်းပါ"
"အေးပါ ရန်ဖြစ်တယ်ဆိုတာကနင်သိတဲ့အတိုင်းပဲ ဟို၃ယောက်ပေါ့"
"ဘာလဲ ဟယ်ရီ့ကိုနှောက်ယှက်ပြန်ပြီလား"
"အေး ဟုတ်တယ်"
"ငါအဲ့၃ကောင်ကိုနုတ်နုတ်ဆင်းပစ်ချင်လာပြီ၊ဒါနဲ့ဘာလို့ပြန်သွားကြတာလဲ"
"ဟယ်ရီ ခေါင်းနည်းနည်းမူးလာလို့ပါ ဆေးလဲမသောက်ခဲ့ရဘူးဆိုတော့ ငါတို့လဲပြန်လာလိုက်တာ"
"ဘာ!!!!!"
"အမလေး ဖြည်းဖြည်းအော်ပါဟ ငါနားကန်းတော့မယ်"
"အာ့တော့ အခုဟယ်ရီဘယ်လိုနေသေးလဲ နင်ကကောဘာလို့ဆေးသောက်ဖို့သတိမပေးတာလဲ!!အခုချက်ချင်းဟယ်ရီကိုဖုန်းပေးလိုက်"
"အေးအေး"
"ရော့ ဟယ်ရီ ဟာမီဝန်း"
"ဟယ်လို မီမီ"
"အွန်း ဟယ်ရီ သက်သာရဲ့လား၊ဘယ်လိုနေသေးလဲ။"
"သက်သာသွားပါပြီ ဟီး"
"အဲ့ရွန်ကလည်းဘာလို့ဆေးသောက်ဖို့သတိမပေးလဲမသိ တကယ်ပါပဲ"
"ဟဲ့ ဟာမီဝန်း နင်ပြောနေတာငါအကုန်ကြားတယ်နော်"
"ကြားရင်ကြားတယ်လို့မှတ်"
"သူ့အပြစ်မဟုတ်ပါဘူး မီမီရယ် ငါ့ဟာငါသောက်ဖို့မေ့တာပါ"
"အေးပါ နင်သက်သာတယ်ဆိုပြီးတာပဲ၊ကျောင်းစာတွေကဘာမှစိတ်မပူနဲ့သိလား နောက်မှငါကူပြီးကူးပေးမယ်"
"ရပါတယ်"
"ဒီလိုကျတော့လည်းဘယ်ဆိုးလို့လဲ"
"နင်မပါဘူး ဟယ်ရီ့ကိုပဲပြောတာ"
"နင်ကအာ့တော့ဘက်လိုက်လွန်းတယ်"
ဟယ်ရီကိုကြည့်လိုက်တော့လည်းခွက်ထိုးလန်အောင်ရီနေတယ်။
"ငါ့ဟာငါလိုက်ချင်လိုက်မှာပေါ့ ဒါပဲဒါပဲ ဖုန်းချလိုက်တော့မယ်၊ဟယ်ရီ ဂရုစိုက်အုံးနော်"
"အွန်း"
ဖုန်းကျသွားတော့မှ
"ဟယ်ရီ"
"အင်း"
"ဘာမှမဟုတ်တော့ဘူး"နာရီကြည့်လိုက်တော့၃နာရီထိုးခါနီးပဲရှိသေးတာကြောင့်
"ဟယ်ရီ"
"ပြော"
"ဆော့ရအောင်"
"ဘာတမ်းလဲ"
"ခေါင်းမူးနေတယ်ဆိုတော့ဂိမ်းဆော့လို့တော့မဖြစ်ဘူးtruth or dareဆော့မယ်၊ဆော့မလား"
"ဆော့မယ်လေ၊ဘယ်သူအရင်စမှာလဲ"
"မင်းအရင်စ"
"ပြီးတာပဲ"

My Emerald Green{ကိုယ့်ရဲ့မျက်ဝန်းလေး}/My Emerald Green{ကိုယ့်ရဲ့မျက်ဝန်းလေး}Nơi câu chuyện tồn tại. Hãy khám phá bây giờ