Part-19{U/Z}

401 60 0
                                    

Unicode~

ဇာတ်လမ်းပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။{ပေါက်ကရတွေပါလာမှာမို့လို့ကြိုပြောထားတာ😉}



_________________________

~Knock~

"ဟယ်ရီရေ တံခါးခေါက်နေတယ် သွားဖွင့်လိုက်အုံး"

သူတို့ မနက်စာ စားနေတုန်း တံခါးခေါက်သံကြားလိုက်ရလို့ ရွန်​လှမ်းပြောလိုက်တယ်။

"မင်း ကြားတာ မင်းသွားဖွင့်ပါလား"

"ဖွင့်စရာလား"

"မင်း မဖွင့်ရင် ငါလည်းမဖွင့်ဘူး"

"နေပေါ့ မင်းရဲ့ဉီး ဖြစ်နေရင်လည်း~~"

စကားတောင် မဆုံးသေး စားပွဲကနေထသွားတဲ့ ဟယ်ရီကို ကြည့်ရင်း~

"အမလေး သူ့လင်ကျတော့ ပြောကိုမပြောချင်ဘူး"

အိမ်ရှေ့မှာတော့~

"ဉီး!"

လို့ထင်လိုက်ပေမယ့် မဟုတ်ဘူး။

"ထပ်တွေ့ပြန်ပြီနော် ကောင်လေး"

ဟိုနေ့က ရုံးခန်းထဲမှာ တွေ့ခဲ့တဲ့ အမ~~

သူ့ကိုတွေ့တာနဲ့ တရိပ်ရိပ်မူးလာသော ခေါင်း~~

"ဟုတ် ဘာကိစ္စရှိလို့ပါလဲ"

"ဘာရယ်မဟုတ်ပါဘူး ခွင့်ပြုပါအုံး"

လို့ဆိုကာ ကားပေါ်တက်ကာ ထွက်သွားသော မိန်းကလေး~

ဟယ်ရီလည်း ထွက်သွားသော ကားလေးကို ကြောင်ကြည့်နေရင်း~

"ဘာတွေလဲမသိဘူး"

ဒရေဂိုတစ်ယောက် ဟယ်ရီတို့ အိမ်ရှေ့ရောက်တော့~အိမ်ရှေ့မှာ ကြောင်တောင်တောင်လေးရပ်နေတဲ့ ကလေးကိုတွေ့တော့ ~~

"တစ်ယောက်တည်းဘာတွေ ပွစိပွစိ ရွတ်နေတာလဲ ကလေး"

အနောက်ကနေ ရုတ်တရက်ထွက်လာတဲ့အသံ~

"အမေ့! လန့်လိုက်တာ ဉီးရယ်"

"ဟောဗျာ ကိုယ်ဘာလုပ်မိလို့လဲ"

"ရုတ်တရက်ကြီး ဆိုတော့ လန့်သွားလို့ပါ"

"ဒါနဲ့ ကလေးက အပြင်မှာ ဘာထွက်လုပ်နေတာလဲ ကိုယ့်ကို စောင့်နေတာလား"

My Emerald Green{ကိုယ့်ရဲ့မျက်ဝန်းလေး}/My Emerald Green{ကိုယ့်ရဲ့မျက်ဝန်းလေး}Tahanan ng mga kuwento. Tumuklas ngayon