Extra-1

476 56 4
                                    

Unicode~

"ဉီးရေ မြန်မြန်လာလို့ နောက်ကျတော့မှာပဲ"

"လာပါပြီ ကလေးရယ်"

ဆိုကာ လှေကားထစ်တွေကနေ တထစ်ချင်း စိန်ပြေနပြေ ဆင်းလာသော ဒရေဂို~

"အဲ့တာက မြန်မြန်လာနေတာလား!လိပ်တောင် ဉီးထက်မြန်အုံးမယ်!~"

"ကိုယ်လည်းလာနေတာပဲကို ကလေးလေးကလည်း ကိုယ့်ကိုဆိုပြောဖို့ပဲ"

"ဟွန့်~!လာ!"

ဆိုပြီး နှာမှုတ်ကာ ထွက်သွားသော ကလေးငယ်နောက် ဒရေဂို လိုက်ရပြန်ပါတယ်~ကလေးငယ်လောနေရတဲ့ အကြောင်းအရင်းကတော့ ဒီနေ့ ရွန်တို့မင်္ဂလာဆောင်လေ~နောက်မကျချင်ဘူးဆိုကာ အိမ်ကနေအစောကြီးထွက်ဖို့လုပ်နေတဲ့ကလေး~

"ဉီး ပြုံးစိပြုံးစိနဲ့ ဘာလုပ်နေတာလဲ မြန်မြန်လာပါဆို~"

"လာပါပြီဗျာ လာပါပြီ ကလေးရယ် မင်္ဂလာခန်းမကြီးနဲ့ ရွန်တို့ကထွက်ပြေးသွားမှာမလို့လား ဒီလောက်လောနေတာ~~"

"ဘာပဲဖြစ်ဖြစ် ဉီးရာမြန်မြန်လာ~!"

အဲ့ဒီနောက် ဒရေဂိုလည်း ကားစက်နှိုးပြီး ဘေးနားမှာထိုင်နေတဲ့ ကလေးပါးလေးကို တစ်ချက်နမ်းကာ ထွက်လာခဲ့တယ်~

ခန်းမကို ရောက်တော့ အစောကြီးရောက်လာတယ့်သူတို့ကိုမြင်ပြီး~

"သား ဟယ်ရီ စောသေးတယ်မဟုတ်လား ရွန်တို့တောင် ပြင်တုန်းဆင်တုန်း~"

"အ​မေ့သားကို ကျတော်လည်းမနိုင်ပါဘူးဗျာ ပြောနေတာကို နားမှမထောင်ဘဲ~"

စသလိုလိုနောက်သလိုလိုပြောလိုက်တော့~သူ့ကို မျက်စောင်းတစ်ချက်ထိုးကာ~

"မေမေကလည်း အစောကြီးလာချင်လို့ကိုတမင်လာတာ~ဘာကူပေးရအုံးမလဲ"

"ဟုတ်ပါပြီကွယ် ဒါဆိုလည်း ရွန်ဆီပဲသွားလိုက်လေ အဝတ်လဲခန်းထဲမှာရှိတယ်~"

"ဟုတ် မေမေ"

ဆိုပြီး ဒရေဂို့ကိုတောင်မစောင့်ဘဲ ရှေ့ကနေ ကော့တော့ကော့တော့ထွက်သွားသော ဟယ်ရီ~

"အမေ ကျတော်လိုက်သွားလိုက်အုံးမယ်"

"အေးအေး"

My Emerald Green{ကိုယ့်ရဲ့မျက်ဝန်းလေး}/My Emerald Green{ကိုယ့်ရဲ့မျက်ဝန်းလေး}Nơi câu chuyện tồn tại. Hãy khám phá bây giờ