Part-15{U/Z}

512 63 8
                                    

Unicode~

"ဆရာဝန်ကြီးကတော့ စိတ်ချရအောင် မနက်ဖြန်မနက်မှ ဆင်းစေချင်တယ်တဲ့"

"အဲ့တာဆိုလည်း ဖေဖေပြန်နားလိုက်ပါ ကျတော်နဲ့ ဟာမီဝန်းစောင့်ပေးလိုက်မယ်"

"ရပါတယ် အကုန်ပြန်လိုက်ကြပါ ကျတော်ပဲ ကလေးကို စောင့်လိုက်ပါ့မယ်"

"ဒါဆိုလည်း အားမနာတော့ဘူးနော် ဒရေဂို"

ဆိုပြီး ရွန် နဲ့ ဟာမီဝန်းကိုခေါ်ကာထွက်သွားလေတယ်။သူတို့ အကုန်ထွက်သွားမှ~

"ဉီး ပြန်ရင်ပြန်လိုက်ပါလား ငယ်တစ်ယောက်တည်းလည်း အဆင်ပြေပါတယ်"

"ဘာဖြစ်လို့လဲ"

"ဉီး အိပ်ရတာ အဆင်မပြေမှာစိုးလို့ပါ"

"အဲ့တော့ သက်တောင့်သက်သာ အိမ်မှာပြန်အိပ်တော့ရော ကလေးကို တစ်ယောက်တည်း ထားခဲ့ပြီး ကို်ယ်ကောင်းကောင်းအိပ်ပျော်မယ် ထင်နေတာလား"

"ဒီမှာကျတော့ ဉီးကsofaပေါ်မှာ အိပ်နေရမှာပေါ့"

"ကိုယ်sofaပေါ်မှာ အိပ်မယ်လို့ ငယ့်ကို ဘယ်သူပြောလဲ"

"ဟင် အဲ့တာဆို ဘယ်မှာအိပ်မှာလဲ"

"အဲ့ဒီကုတင်မှာ အိပ်မှာလေ"

ဆိုပြီး ဟယ်ရီထိုင်နေတဲ့ ကုတင်ကိုမေးငေါ့ပြတယ်။

"အဲ့တာဆို ငယ်ကရော"

အူကြောင်ကြောင်ရုပ်လေးနဲ့မေးလာတဲ့ပေါက်စ~

သူလည်း ကုတင်ပေါ်တက်လိုက်ပြီးတစ်ခြမ်းစောင်းပြီးလဲှလိုက်တယ်။ပြီးတော့မှ အခုထိ ကြောင်တောင်တောင်ကြည့်နေတဲ့ ကောင်လေးကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်ပြီး ခွထားလိုက်တယ်။

"ဒီလိုအိပ်မှာလေ"

"ဉီး~"

"ကိုယ်အိပ်ချင်ပြီ ငယ် ပေါက်ပေါက်မဖောက်နဲ့တော့"

"ဟုတ်"

ချက်ချင်း ဟုတ် ဆိုပြီး မျက်လုံးမှိတ်သွားတဲ့ ကလေးငယ်~မြစိမ်းရောင်မျက်ဝန်းလေးတွေကို ဖွက်ထားတဲ့ မျက်ခွံလေး~ကော့ဆင်းနေတဲ့ မျက်တောင်လေးရယ် ကျတော့်ကလေးဟာ ကျတော့်အတွက်တော့ သက်ရှိနတ်ဘုရားလေး~

My Emerald Green{ကိုယ့်ရဲ့မျက်ဝန်းလေး}/My Emerald Green{ကိုယ့်ရဲ့မျက်ဝန်းလေး}Nơi câu chuyện tồn tại. Hãy khám phá bây giờ