Part-13{U/Z}

541 86 0
                                    

Unicode~

"ရွန်ရေ ငါပြန်ရောက်ပြီ အော် မီမီ လည်းရောက်နေတာလား"

"အင်း ငါလမ်းကြုံလို့ခနဝင်လာတာ"

"ဉီး စီစီ လာလေ"

"စီစီ?"

ရွန်ကဝင်ပြောတော့~

"အော် ငါမင်းကိုမိတ်ဆက်ပေးရအုံးမယ်၊ဒါ ဉီးရဲ့ညီမ ပန်စီမက်ဖိွုင်းတဲ့ စီစီ ဒါ ကျတော့်သူငယ်ချင်း ရွန်ဝေစလေ နဲ့ ဟိုဘက်က ဟာမီဝန်းဂရင်းဂျာ တဲ့"

ဟယ်ရီလည်းသူတို့အချင်းချင်းမိတ်ဆက်ပေးလိုက်တော့ ပန်စီမှ~

"တွေ့ရတာဝမ်းသာပါတယ် ရွန်၊ပြီးတော့ ဟိုကောင်မလေး ထပ်တွေ့ပြန်ပြိီနော်"

"ဟုတ် တွေ့ရတာဝမ်းသာပါတယ်၊ဒါနဲ့ ဟာမီဝန်းနဲ့ မစ္စမက်ဖိွုင်းက သိတာလား"

"ပန်စီ လို့ပဲခေါ်ပါ၊အင်း ဟုတ်တယ် နေ့လည်ကမှသိတာလေ"

ထိုအချိန်ထိဘာမှ ဝင်မပြောတဲ့ ဟာမီဝန်းကို ရွန်က~

"ဟုတ်လား ဟာမီဝန်း"

"အင်း"

ဆိုပြီးတိုတိုတုတ်တုတ်ပဲပြန်ဖြေလိုက်တယ်။

ဘာတွေဖြစ်ခဲ့လဲတော့ မသိ ဟာမီဝန်းမျက်နှာက မပန်စီကိုတွေ့ကတည်းက တည်တည်ကြီးဖြစ်နေတာ၊အခုလည်းစကားပြောတာကိုလေသံမာကြီးနဲ့၊စတွေ့တုန်းက ဘာတွေဖြစ်ခဲ့မသိ၊

သူတို့အခုထိအိမ်ရှေ့မှာစကားရပ်ပြောနေတာကိုသတိရသွားတဲ့ ဟယ်ရီက~

"အိမ်ထဲဝင်ကြရအောင်လေ၊အထဲရောက်မှ ဆက်ပြောတာပေါ့"

လို့ပြောလိုက်တော့မှ ဟာမီဝန်းကချက်ချင်းလှည့်ပြီး ဝင်သွားတယ်။ပြီးတော့မှ ရွန် နဲ့ ပန်စီ၊နောက်ဆုံးကျမှ~

"ဉီး လာလေ သွားမယ်"

"အင်း ကလေး"

ဆိုပြီး ဟယ်ရီ့လက်ကိုဆွဲကာ အသီးသီးဝင်သွားကြတယ်။

အိမ်ထဲရောက်တော့...

"ခနထိုင်ကြအုံးနော် ကော်ဖီသွားဖျော်ပေးမယ်"

"ကလေး ကိုယ်လိုက်ခဲ့ရမလား"

"ရတယ် နေခဲ့ မီမီ!"

My Emerald Green{ကိုယ့်ရဲ့မျက်ဝန်းလေး}/My Emerald Green{ကိုယ့်ရဲ့မျက်ဝန်းလေး}Donde viven las historias. Descúbrelo ahora