🍡🍡 Part- 6 🍡🍡

271 23 2
                                    

VVIP အခန့်မလို့..အသံလဲလုံသလို..အေးချမ်းတိတ်ဆိတ်မှုလဲရှိသည်...

မတွေ့တာကြာပြီဖြစ်သော..သူငယ်ချင်းနှစ်ယောက်မှာ စကားလက်စုံကြနေပေမဲ့..ယံကတော့ ငြိမ်ငြိမ်လေးထိုင်နေလျက်..ရှေ့က အကင်တေကိုသား စားနေမိသည်...

ဟို လူကြီးကတော့ သူ့ဘေးနားမှာထိုင်လျက်...ယံအတွက် အကင်တေ ကင်ပေးနေလေသည်...တကယ်ပါပဲ အပိုတေ...

"ကဲ စကားလက်စုံကြနေတာနဲ့ မေ့တောင်နေပြီ..သူလေးက မင်းရဲ့မြေးငယ်လေးလား..အိန္ဒြာ.."

"ဟုတ်တယ်လေ..ခင်ရဲ့ သူလေးက အငယ်လေး.."

ဖွားဖွားက ပြောလိုက်တော့ ယံကိုပြုံးပြလာတဲ့ ဖွားဖွားရဲ့ မိတ်ဆွေ အမျိုးသမီး...

အဆင့်တန်းရှိပြီး မျိုးရိုးမြင့်တဲ့ အသိုင်းဝန်းထဲက ဆင်းသက်လာတဲ့အမျိုးသမီးပီသစွာ ချိတ်ဝမ်းဆက်ကို ကျော့ရှင်းစွာဝတ်ဆင်ထားပြီး...ခင်ခင်မြဆိုတဲ့ နာမည်နဲ့လိုက်ဖက်စွာ ရွှေနဲ့ မြ တွဲဖက်ထားသော ရတနာများကို လိုက်ဖက်စွာ ဝတ်ဆင်ထားလေသည်...

ကြည့်ရုံနဲ့ သြဇာအာဏာ ရှိသော အရှိန်အဝါ တေကိုတွေ့နိုင်လေသည်...

"တွေ့ရတာဝမ်းသာပါတယ်...ဖွားဖွား..ယံနာမည်က ခွန်းစစ်ယံပါ..ဖွားဖွားရဲ့ မြေးအငယ်ဆုံးလေးပါ "

ယံရဲ့သဘာဝအတိုင်း ပါးချိုင့် လေးနှစ်ဖက်နှင့်သွားစွယ်လေးတေပါပေါ်အောင်ပြုံးပြရင်း နှုတ်ဆက်လေတော့သည်....

"အဟင်း ဟုတ်ပါပြီကွယ်..မင်းရဲ့မြေးအငယ်လေးက တကယ်ချစ်စရာကောင်းတာပဲ အိန္ဒြာ... "

"ဒါပေါ့ကွယ်..ဒီလို မြေးလေးတေရှိနေလို့လဲ တို့တေအသက်ရှည်နေရတာပေါ့..ဒါနဲ့ခင်ရဲ့မြေး ရော.."

ဖွားဖွားက မေးတော့မှပဲ..ယံဆီကနေအကြည့်ခွာသွားတဲ့ထိုလူကြီး...

ဘာမှန်းလဲမသိ..ယံကိုအမြဲစူးရဲစွာစိုက်ကြည့်နေတတ်ပြီး..ယံလုပ်သမျှ ပြုံးကာကြည့်နေတတ်သည့်သူ...

"တွေ့ရတာဝမ်းသာပါတယ် ..သခင်မကြီး ...ကျွန်တော် နေအာဏာစက်ပါ ".

ဒေါ်အိန္ဒြာစိုး တို့မျိုးရိုးကလဲ အဆင့်တန်းမြင့်တဲ့စော်ဘွားမျိုးရိုးတေမို့ အာဏာ အလိုက်သိစွာ သခင်မလို့ခေါ်ရခြင်းပင်..

🍡🍡 Candy 🍡🍡Where stories live. Discover now