🍡🍡 Part-12 🍡🍡

223 19 0
                                    

Unicode
...............

ခွန်းနဲ့ဦးတိုင်းက ကားတစီးဖြစ်ကာ ဖိုးနဲ့ဖွားက တစီးသက်သက်ပင်...
နောက်မှသက်တော်စောင့်တချို့ကဗန်ကားတစီးနဲ့လိုက်လာကြလေသည်...

တခြားကားတေထဲမှာတော့ဘယ်လိုနေလဲမသိပေမဲ့ ခွန်းတို့ကားလေးထဲမှာတော့တိတ်ဆိတ်လျက်ရှိနေလေသည်...

နှစ်ယောက်သား အတွေးနဲ့လွင့်နေခြင်းပင်...

ခွန်းက ယံယံရဲ့စကားများကိုကြားယောင်ကာနေရသည်...

"ကိုကို "

"ပြောလေ ယံလေး "

အဝတ်တေကို luagge ထဲထည့်နေတဲ့သူ့ရဲ့ကုတင်ဘေးရှိဆိုဖာပေါ်၌ထိုင်ကာ ဆူပုတ်နေတဲ့ကောင်လေး..

"မသက်သာလို့သာ ကိုကို့ကိုရွာကိုပို့ရတာ ယံကစိတ်ချတာမဟုတ်ဖူး "

"အဟင်း ယံနဲ့ကိုကိုက ဘယ်သူကအကြီးဘယ်သူကအငယ်မှန်းတောင်မသဲကွဲတော့ပါဘူးနော် "

"ယံက ကိုကိုရွာမှာအဆင်မပြေမှာစိုးလို့ပါ "

အကျီ်တေအကုန်ထည့်ပြီးပြီမို့ ဇစ်ကိုဆွဲပိတ်လိုက်ကာ ယံလေးရဲ့ဘေးနားဝင်ထိုင်လိုက်ရင်း...

"ကိုကိုအဆင်ပြေပါတယ်ယံရဲ့ ကိုကိုသဘောကျတဲ့ပရဟိတတေလဲလုပ်လို့ရတယ်...ဗဟုသုတတေလဲရှာဖွေလို့ရတယ် ယံကိုသာစိတ်ပူတာ "

"ယံကဘာဖြစ်လို့လဲ "

"ကိုကိုမရှိတုန်း ယံလေးအိမ်ကလူတေအပေါ်မဆိုးရဘူးနော် ဖိုးဖိုးနဲ့ဖွားဖွားရဲ့ စကားကိုလဲနားထောင်အပြင်တေလဲလျှောက်မသွားနဲ့ သွားမယ်ဆိုလဲ bodyguard တေပါခေါ်သွား ကြားလားယံလေး "

"ဟုတ်ကဲ့ ကိုကို ယံကိုစိတ်ချပါ ပြီးတော့လေ ဦးတိုင်းနဲ့နှစ်ယောက်ထဲဆိုတော့လေ ကိုကိုအတွက်အဆင်ပြေပ့မလားဟင် "

ယံပြောတော့ ခဏလောက်ငြိမ်သွားတဲ့ကိုကို

"အဆင်ပြေအောင်နေရမှာပေါ့ ယံရဲ့ "

"ကိုကိုတို့ကြားကပြသနာတေကိုယံသေချာမသိပါဘူး ဒါပေမဲ့လေ ကိုကိုစိတ်ချမ်းသာမယ်ဆိုရင် ဘာဖြစ်ဖြစ်အကုန်လုပ်လို့ရတယ် ကိုကို့ဘေးနားမှာယံအမြဲရှိနေမှာ ကိုကိုသိတယ်မလား "

🍡🍡 Candy 🍡🍡Where stories live. Discover now