အားလုံးပြင်ဆင်ပြီးလို့ယံယံအောက်ထပ်ကိုဆင်းလာတော့..... ဧည့်ခန်းထဲမှာထိုင်ကာ ဖွားဖွားနဲ့စကားပြောနေသူက အဆင်သင့်စောင့်ကြိုနေလျက်....လက်ကနာရီကိုကြည့်လိုက်တော့ ၉နာရီကွက်တိ...
ဒီလူကြီးအချိန်ကိုတိကျသားပဲဟုတွေးကာတစ်မှတ်ပေးလိုက်လေတော့သည်....
"ဟော..ဟိုမှာ မြေးငယ်တောင်ဆင်းလာပြီ....မြေးငယ်လေး ဒီမှာ သားကိုကိုက သားကို လိုက်ပို့မလို့တဲ့ စောင့်နေတာ "
ဖွားကသူ့ကို မြင်တာနဲ့ လူကြီးစောင့်နေကြောင်းကိုပြောတော့သည်....
ဖွားဘေးနားဝင်ထိုင်လိုက်ရင်း..
"သားသိပါတယ်ဖွားရဲ့ ရှုတင်ရှိလို့ သားသွားတော့မယ်နော် ဖွား...ချစ်တယ်နော် မွ "
းဖွားရဲ့ပါးကို နမ်းကာနှုတ်ဆက်လေတော့...
"ဖွားလဲချစ်ပါတယ်နော် အချွဲလေး သွားသွား မောင်အာဏာကအလုက်တဖက်နဲ့ တော်ကြာနောက်ကျနေအုန်းမယ် "
"ရပါတယ် ဖွား ယံလေးအတွက်ပဲဟာ...ကျန်တာ ဘာမှအရေးမကြီးပါဘူး.."
ဒီလူကြီးကတော့ အရှက်မရှိ ဖွားရှေ့မှာ မဆင်ခြင်ဘူး...
ဖွားကတော့ သူ့အပြောမှာ ခပ်ပြုံးပြုံးဖြစ်သွားပေမဲ့ ယံလေးကတော့ သူ့ကိုမျက်စောင်းတထိုးထိုး..
စင်ဝင်အောက်မှာ ရပ်ထားတဲ့ကားဆီကိုသာ ဦးစွာလျှောက်သွားမိလိုက်တော့သည်...
အရူးကြီး ဖွားရှေ့မှာ အနေထိုင်ကိုမဆင်ခြင်ဘူး...
ယံကားတံခါးကိုဆွဲဖွင့်ဖို့လက်လှမ်းလိုက်ရင်ပဲ..သူ့ထက်ဦးစွာ ကားတံခါးကိုဆွဲဖွင့်သွားသည့် လက်တဖက်...သွေးကြောစိမ်းများယှက်ဖြာနေကာ ယောကျာ်း ဆန်သောလက်တဖက်ကြောင့် ထိုလက်ကိုငေးခနဲ ဖြစ်သွားရကာ..ကိုယ့်လက်တေကိုပြန်ကြည့်မိလေတော့...သူ့ထက်စာလျှင် သေးသွယ်နေသော မိမိ လက်တစ်စုံကြောင့် ဒေါသက လက်တစုံရဲ့ပိုင်ရှင်ဆီရောက်သွားကာ....
"ဘာလုပ်တာလဲ ခင်ဗျား..ဒီမှာ ကျွန်တော်ဖွင့်နေတာ မတွေ့ဘူးလား "
မျက်နှာတည်တည်လေးနှင့် ရန်တွေ့လာတဲ့ ခလေးကြောင့်သူလေးမမြင်အောင်တဖက်လှည့်ပြုံးရသည်...မဟုတ်လျှင်သူ့အား လှောင်သည်ဟုဆိုကာ လူကိုရစ်နေမှာကိုသိသောကြောင့်ပင်....
YOU ARE READING
🍡🍡 Candy 🍡🍡