တိတ်ဆိတ်ငြိမ်သက်ပြီး..လုံခြုံရေးအဆင့်တို့းမြှင့်ထားသည့် ဟောခန်းထဲတွင်...
အိမ်ကြီး၏သခင်ကြီးနှင့်သခင်မကြီးတို့ မြေးနှစ်ယောက်အတွက်ဆွေးနွေးနေသည့်အခြေအနေ....
"အကို..အခု အိမ်မှာဘာတေဖြစ်နေလဲ..အကိုသိရဲ့လား....ကျွန်မသိပ်ချစ်ရတဲ့မြေးတေ..အန္တရာယ် ကျရောက်တော့မှာကျွန်မသိတယ်..အကိုအလုပ်တေကို..ကျွန်မဘယ်တုန်းကမှ ဝင်မစွက်ဖက်ခဲ့ဖူးဘူး..ဒါပေမဲ့ အခု ပြောရမယ်..."
"ခဏလေး စိုး..ကိုယ်သိတယ် မင်းစိုးရိမ်နေတာတေကို..ကိုယ်အခုလုပ်နေတဲ့ project က တအားအကျိုးအမြတ်များတယ်..အခွင့်အလမ်းတေလဲရှိတယ်..ကိုယ်က လွှတ်တော်ကနေ အငြိမ်းစားယူရတော့မှာ..အဲ့အတွက် စီးပွားရေးကိုပိုပြီးအာရုံစိုက်ရမယ်...ကိုယ်လုပ်နေတာတေအားလုံးကလဲ ကိုယ့်မြေးတေအတွက်ပါပဲ "
"ကျွန်မတို့က မွဲနေတာလဲမဟုတ်ဘူး..ဘယ်လောက်ပဲ အကျိုးမြတ်များတဲ့အလုပ်ဖြစ်နေပါစေ..ကျွန်မမြေးတေရဲ့အသက်နဲ့လောင်းကြေးမထပ်နိုင်ဘူး.."
"ဟူး...စိုး ကိုယ်ပြောတာကိုစိတ်အေးအေးနဲ့နားထောင်..ကိုယ်အခုလုပ်နေတဲ့ project က နိုင်ငံ ခြား ကစီးပွားရေးလုပ်ငန်းရှင်တေနဲ့တွဲလုပ်ရမှာ..သူတို့ကလဲ...မြန်မာပြည်ကနေပြီး ရှယ်ယာရှင် နှစ်ဦးကိုပဲ လက်ခံတာ..တယောက်က သူတို့ကိုယ်တိုင်ဖိတ်ကြားထားတဲ့သူ..နောက်တယောက်က အရေအချင်းရှိပြီး လာဘ်မြင်တဲ့သူကိုပဲ..ကိုယ် သူတို့နဲ့အလုပ်တွဲလုပ်နိုင်ဖို့ အများကြီးကြိုးစားထားရတာ...ကိုယ့်လိုပဲ သူတို့နဲ့အလုပ်တွဲလုပ်ဖို့ ကြိုးစားနေတဲ့သူတေအများကြီးပဲ... ကိုယ်က ကံကောင်းခဲ့တာစိုး..ဒီအခွင့်ရေးကို ကိုယ်လက်လွှတ်လို့မဖြစ်ဘူး "
ခင်ပွန်းဖြစ်သူရဲ့ပြောစကားတေဟာလဲ မှန်ကန်နေတာမို့သူမ တွေဝေသွားရသည်....
မိန်းမဖြစ်သူ စဥ်းစားတွေးတောနေကာမှ ဦးခွန်းစစ်မှိုင်း ရှေ့ကိုစကားဆက်ရတော့သည်...
"ကိုယ့်ကြောင့်ပါ..မြေးကြီး အခုလိုဖြစ်သွားရတာ..project ကိုလုရင်းနဲ့ AT group နဲ့ ကိုယ်ငြိခဲ့တယ်စိုး...AT ကလဲ ကိုယ်တို့လိုပဲ အာဏာရှိတဲ့သူတေ..အထူးသဖြင့် မှောင်ခိုလောကမှာနာမည်ကြီးနေတဲ့သူတေ...သူတို့ဂိုဏ်းကို ကိုယ်ဖြိုခွင်းဖို့ကြိုးစားနေတာ..သားကြီးနဲ့လဲ ကိုယ်တိုင်ပင်ပြီးပြီ..ကိုယ်အနားမယူခင် မကောင်းတဲ့သူတေကိုထောင်ထဲကိုအရောက်ပို့ခဲ့ချင်တယ်...project ကိစ္စရော ဂိုဏ်းကိစ္စပာ ပေါင်းပြီး ကိုယ့်ကိုသူတို့အငြိုးထားနေကြတာ..အဲ့တော့သူတို့ရဲ့ပစ်မှတ်က ကိုယ့်ရဲ့အားနည်းချက်ဖြစ်တဲ့ ကိုယ့်မြေးတေပဲ စိုး...ခွန်းလေး အခုလိုဖြစ်ရတာကိုယ့်ကြောင့်ပါ.."
YOU ARE READING
🍡🍡 Candy 🍡🍡