🍡🍡 Part- 9 🍡🍡

227 22 4
                                    

နှစ်ယောက်အတူယှဥ်တွဲကာ ရိုက်ရသည့် ကြော်ညာမို့ post ပေးရသည်က မနားတမ်း...

ချစ်စရာကောင်းတဲ့အေးချမ်းမှုတေကို သဘောဆောင်နေတဲ့ယံယံနဲ့ ဆွဲဆောင်ရှိတဲ့အလှတရားကိုဖော်ကျူးတဲ့ ဆောင်းဟေမာန်တို့နှစ်ယောက်ရဲ့ပေါင်းစပ်မှုက perfect ဖြစ်တဲ့ သဘောတရားကို ပြသနေသယောင်

"cut "

post အမျိုးမျိုးပေးကာ ဓာတ်ပုံရိုက်နေရာမှ ဒါရိုက်တာကြီးရဲ့ အောင်မြင်ကျေနပ်လှတဲ့အသံကြောင့် သူတို့ခဏနားခွင့်ရတော့သည်...

ယံယံ ခုံမှာဝင်ထိုင်လိုက်ရင်း ကိုမင်းပေးတဲ့ ေရဘူးကိုသောက်လိုက်ကာ

"နောက်တစ် scene ပြီးရင် ဒီနေ့အတွက်က ပြီးပြီလား ကိုမင်း "

"အင်း ပြီးပြီယံလေး "

"ယံလေး "

သူနဲ့ကိုမင်းစကားပြောနေတုန်း ခပ်ငယ်ငယ် ကောင်မလေး သုံးယောက်က အနားရောက်လာကာ သူ့ကိုခေါ်လာသည်မို့ သူ မော့ကြည့်လိုက်တော့ uniform ဆင်တူလေးတေနှင့်ရင်ဘတ်မှာလဲ green land တံဆိပ် တေပါရှိနေသောကြောင့် ဝန်ထမ်းတေမှန်းသိလိုက်ရသည်...

"ဟုတ်ကဲ့ ပြောပါဗျ "

"ေရွှတို့က ယံလေးရဲ့ fan တေပါ လက်မှတ်လေးထိုးပေးလို့ရမလား "

သုံးယောက်ထဲမှ အသားဖြူဖြူ ပြည့်ပြည့်လေးနှင့်ကောင်မလေးက အရင်ဆုံးစကားဆိုလာခဲ့သည်....

ကျန်တဲ့ကောင်မလေးတေကလဲ မျှော်လင့်ချက်အပြည့်ပါသော မျက်လုံးတေနဲ့သူ့ကိုကြည့်နေကြသည်လေ...

ပြောရရင် ဒီနေ့ရိုက်တဲ့ ကြော်ညာက အပြင်ကိုမပေါက်ကြားစေတာမို့ fan မပြောနှင့်သတင်းထောက် တယောက်မှတောင်မရှိပါ

ဒီကောင်မလေးတေသာ ဝန်ထမ်းတေမို့ သူတို့ရဲ့ရိုက်ကွင်းကိုသိနေသည်မလား...

"ရတာပေါ့ ပေးလေ "

"ဟုတ် ဟုတ်ကဲ့ကျေးဇူးပါနော် ဟီး "

ပျော်ရွှင်သွားသည့်ခလေးမတေက သူ့ပုံပါသည့် note book လေးတေကိုထိုးပေးလာသည်မို့ သူမျက်ခုံးပင့်မိလေတော့..

"ရွှေတို့က ယံလေးပုံပါတဲ့ ပစ္စည်းမှန်သမျှ အကုန်ဝယ်ထားတာ ရေခွက်တို့ ဖက်လုံးတေတောင်မှ ယံလေးပုံတေကပ်ထားတာ "

🍡🍡 Candy 🍡🍡Where stories live. Discover now