🍬🍬 2 🍬🍬

437 37 1
                                    

Unicode
................

"ဒယ်ဒယ်..သားတို့သွားတော့မယ်..ကျန်းမာရေးဂရုစိုက်နော်ဒယ်ဒယ်"

"ဟုတ်တယ် ဒယ်ဒီ..ကျန်းမာရေးဂရုစိုက်နော်"

"ေအးပါကွာ..မင်းတို့သာလိမ်လိမ်မာမာနေ...ကျန်းမာရေးဂရုစိုက်ကြ..ကြားလား"

"ဟုတ်ကဲ့"

"အန်တီနှင်း..သားတို့သွားတော့မယ်နော်.."

"လမ်းခရီးသာယာဖြောင့်ဖြူးပါစေ..ကလေးတို့ရယ်"

ကားအဖြူလေးခြံဝန်းထဲကထွက်သွားကာမှဦးစေနိုင်မျက်ရည်ဝဲမိသည်

ဒီသားနှစ်ယောက်လုံးကိုသူသိပ်ချစ်ပါသည်ဒါကြောင့်လဲ..အမြဲလိမ္မာအောင်ဆူပူဆုံးမနေရခြင်းသာ..

သူရှာထားသမျှစည်းစိမ်ဥစ္စာတေ...
သူတို့အဖိုးအဖွားရဲ့အမွေအနှစ်တေ...
သူတို့အဒေါ်ရဲ့စီးပွားဥစ္စာတေ...
အားလုံးကသူတို့ညီအကိုနှစ်ယောက်အတွက်သာ.....

~~~~~~~~~~~~~~~~~

At Yangon....

ရွှေတောင်ကြားလမ်းရှိ..ခြံဝန်းကြီးတခြံထဲကားမောင်းဝင်လာတော့

ကြီးမားပြီးခမ်းနားထည်ဝါတဲ့သုံးထပ်တိုက်ကြီးကဝင့်ကြွားစွာတည်ရှိနေသည်....

ကားပါကင်၌ကားထားကာစံအိမ်ထဲဝင်လာလျှင်ပဲ...
ဖွားဖွားနဲ့တီလေးအပြင်အိမ်ရှိဝန်ထမ်းအလုပ်သမားများကစောင့်ကြိုလျက်ရှိနေကြသည်

အလုပ်သမားကောင်လေးတေကluggageတေကိုကူဆွဲပေးတော့

ယံယံနဲ့ခွန်းလေးဖွားဖွားနဲ့တီလေးကိုဖက်လိုက်ကာ

"လွမ်းနေတာ ဖွားဖွားကိုရော..တီလေးကိုရော.."

ယံယံတို့အမူပိုစွာစချွဲနေပါပြီ

"ခွန်းလေးကရောမလွမ်းဘူးလား"

တီလေးကပြုံးစစနဲ့မေးလိုက်တော့..

"လွမ်းပါတယ်... တီလေးရဲ့သားနည်းနည်းပင်ပန်းနေလို့ပါ"

"ဟင်..ဟုတ်လား..ဒါဆိုသွားနားလိုက်အုံးလေ..ပြီးမှ..ညစာစားကြတာပါပေါ့.."

"ဟုတ်ကဲ့တီလေး..."

"ဒါဆို..ယံယံလဲ သွားနားတော့မယ်နော်...ညကျမှလက်ဆောင်တေပေးတော့မယ် ဟီးဟီး"

🍡🍡 Candy 🍡🍡Where stories live. Discover now