(၆)

4.3K 718 19
                                    


{Unicode}

အခန်း(၆) - အတိတ်တွေ ပြန်မဖော်စမ်းနဲ့ ၊ ဖော်တာနဲ့ မင်းကို ဆော်ပြီသာမှတ်



"ချန်ရှောင်း .. ဘာဖြစ်တာလဲ .. ဘာဖြစ်လို့ မင်းမျက်နှာက ဒီလိုမျိုး ရုပ်ပျက်သွားရတာလဲ ?"

ချန်ရှောင်း၏ ဖြူဖျော့သွားသည့် မျက်နှာကို တွေ့လိုက်ရသည့်အခါ ကုမုန့်ယန်သည် စိုးရိမ်သွားသည့်ဟန်နှင့် မေးလာသည်၊ သူ့လက်တွေကလည်း တစ်ခြားသူ၏ နဖူးထက်ဆီ အလိုလို လှမ်းမိသွားရ၏။ သို့သော်ငြား သူ့လက်တွေသည် ရည်ရွယ်ရာဆီ မထိရသေးခင်မှာပင် ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။ ကုမုန့်ယန်သည် လျင်မြန်စွာပင် လက်ပြန်ရုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာနှင့် မေးလိုက်သည်။

"မင်း နေများမကောင်းလို့လား ?"

ချန်ရှောင်းသည် ပျက်ယွင်းသွားသည့် စိတ်အခြေအနေကို ပြန်ထိန်းလိုက်ပြီး ပြုံးပြဖို့ရန် ကြိုးစားကြည့်သေးသည့်တိုင် သူ့ လေသံက လေးကန်စွာ ထွက်ပေါ်လာသည်။

"ကောင်းပါတယ်"

ဝမ်းနည်းစွာဖြင့် တွေးမိသည်မှာ

~ မင်းလည်း တိတ်တခိုးချစ်နေရတာပဲလေ .. သူများကို ဒီလို မျက်ခွက်ကြီးနဲ့ ကြည့်နေလို့ မရဘူးမလား ~

ကုမုန့်ယန်တွင် ကောင်မလေးရှိနေမည်ဆိုပါက သူ ဘာမှ ဆက်လုပ်ဖို့ရန် မဖြစ်နိုင်တော့၊ ဒါကို နားလည်ပါသော်လည်း ဤသို့ တစ်စုံတစ်ယောက်ကို ချစ်နေသည့်အကြောင်း ထုတ်ပြောလာသည်ကိုတော့ မကြားချင်ပြန်ပါပေ။ ဒီခံစားချက်ကြီးက ချဉ်ရုံသာ မဟုတ်တော့၊ ခါးသက်၍ပင်နေလေပြီ။ သူ့ကို ပြန်မကြိုက်နိုင်ဘူးဆိုသည်နှင့် ယှဉ်လိုက်လျင် သဘောကျနေသည့် အခြားတစ်ယောက်ရှိပြီးသား ကိစ္စမျိုးက သာ၍ မျှော်လင့်ချက်မဲ့ပေ၏။

သူသည် ကုမုန့်ယန်ကို ကြည့်ကာ တွေးမိသည်မှာ

~ ရူးနေတာက မင်း တစ်ယောက်ထဲ မဟုတ်ပါဘူးကွာ ~

ပြီးသည်နှင့် သူ ဆက်မနေဖြစ်တော့၊ သူ့ အခန်းရှိရာဘက်ဆီ အမြန်ပြန်လာလိုက်တော့သည်။ သူတို့နှစ်ယောက်အကြားရှိ ဆက်ဆံရေးသည်လည်း အနည်းငယ် အေးစက်သွားကာ ကုမုန့်ယန်သည် သူ့ကိုတွေ့တိုင်း သတိနှင့် ကြည့်လေ့ရှိသည်။ ချန်ရှောင်းသည် သူ့ဘက်က လွန်သွားမှန်း သိနေသည့်တိုင် ရင်ထဲက ခါးသက်သက်ခံစားချက်ကြီကို ရှင်းမထုတ်နိုင်သေးချေ။ ထို့ကြောင့်ပင် ကုမုန့်ယန်ဆီက နားမလည်နိုင်သည့် အကြည့်တွေကို လက်ခံရရှိတိုင်း မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။

ဟိုဘက်အခန်းက ကိုလူချော {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now