(၉)

4.5K 742 35
                                    


{Unicode}

အခန်း(၉) - ငယ်သူငယ်ချင်းနှင့် တွေ့ဆုံခြင်း


"ဟေး .. ကြားလိုက်လား .. လမ်းကြားထဲမှာ လမ်းသွားလမ်းလာတွေဆီက ပိုက်ဆံလုနေကျနှစ်ကောင် အရိုက်ခံလိုက်ရလို့တဲ့"

"အိုး .. တကယ်ကြီး .. ဘယ်သူကများ ရိုက်လိုက်တယ်တဲ့လဲ ? "

"ဘယ်သူဆိုတာတော့ အတိအကျ မသိဘူးပေါ့ .. မြင်လိုက်ရတဲ့သူတွေ ပြောတာ အဲ့လူက အရပ်တော့ အတော်ရှည်တယ်တဲ့ .. အဲ့ လူမိုက်တွေ ပိုးစိုးပက်စက်ကို ပညာပေးခံလိုက်ရတယ် ပြောတာပဲ"

"ဒါ ဒါ .. ကံကြမ္မာတစ်ပတ် ပြန်လည်တာ ! .. ကြည့်ကြသေးတာပေါ့ .. ဒင်းတို့တွေ နောက်ထပ် ယုတ်မာတဲ့ လုပ်ရပ်တွေ လုပ်ရဲဦးမလားလို့ ! !"

အသီးဝယ်နေသည့် ချန်ရှောင်းသည် ထိုသူတွေ ပြောနေကြသည်ကို အာရုံစိုက်ကာ နားစွင့်နေမိ၏။ ဘာတွေများ ဆက်ကြားရဦးမလဲဟု နားထောင်နေသေးသော်လည်း ထိုသူတွေ ပြောနေသည့် စကားခေါင်းစဥ်က ပြောင်းသွားပြန်သည်။ ပြောသည်ကို ကြားကြားလိုက်ရချင်း သူ့အတွေးထဲ အရင်ဆုံးမြင်ယောင်မိသူမှာ ကုမုန့်ယန်ကိုပင်၊ သို့သော်ငြား ကုမုန့်ယန်လိုလူက ဒီလို ရန်ဖြစ်သတ်ပုတ်တာတွေ လုပ်မည်ဟူ၍လည်း မယုံကြည်နိုင်ပြန်ဖြစ်နေ၏။ ထို့အပြင် ဤသို့လုပ်လိုက်ရအောင် သူက ကုမုန့်ယန်အတွက် အရေးပါနေသူလည်း မဟုတ်၊ ချန်ရှောင်းသည် သူ့ဘာသာသူ တစ်ယောက်တည်း မေးလိုက် ဖြေလိုက်နှင့် သက်ပြင်းချကာ ပြုံးလိုက်မိသည်။

ချန်ရှောင်း အိမ်ပြန်ရောက်သည့်အချိန် ကုမုန့်ယန်သည် ထမင်းစားပွဲ ပြင်ပြီးနေပြီ၊ သူသည် ဆိုဖာပေါ် နောက်မှီပြီး ထိုင်နေကာ AC ရှိရာဘက်ဆီ မျက်နှာကို မော့ထား၏။ တံခါးဖွင့်သံကြားလိုက်ရသည့်အခါ ချန်ရှောင်းကို လှည့်ကြည့်လာပြီး ပြုံးပြသည်။

"ပြန်ရောက်ပြီပဲ"

ချန်ရှောင်း၏ နှလုံးသားလေးသည် ထိုအပြုံးတစ်စကြောင့် စူးခနဲဖြစ်သွားရခြင်းနှင့်အတူ ခြေလှမ်းတွေကလည်း မြန်ဆန်လာသည်။ သူသည် အနားရောက်ကာမှ မပွင့်တပွင့်အသံလေးဖြင့်

"အင်း"

ပြီးခဲ့သည့် နှစ်ရက်လုံးလုံး ကုမုန့်ယန်သည် သူ့အခန်းဘက်ဆီ တန်းနေအောင်လာကာ ချက်ပြုတ်စားသောက်သည်၊ အကြောင်းပြသည်မှာ ချန်ရှောင်းကို ဒဏ်ရာနှင့်မို့ လှုပ်လှုပ်ရှားရှား မလုပ်စေချင်၍ဟူ၏။

ဟိုဘက်အခန်းက ကိုလူချော {မိခင်ဘာသာသို့ ပြန်ဆို}Tahanan ng mga kuwento. Tumuklas ngayon