(၂၃)

3.2K 381 0
                                    


{Unicode}

အခန်း(၂၃) - အချပ်ပို သုံး၊ နောက်နှစ်ရဲ့ ကလေးများနေ့မှာလည်း ငါတို့ အတူရှိကြမယ်(လူကြီးအရွယ်)




"ချန်ရှောင်း .. Happy Holiday !"

မနက်ခင်းအစောတွင် နှုတ်ခမ်းတွေ ကွေးတက်သည်အထိ ပြုံးနေသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရခြင်းက ချန်ရှောင်း၏ နှလုံးခုန်သံတွေကို စည်းချက်မှားသွားစေသည်။

"ဘာ .. ဘာ Holiday ?"

"ဒီနေ့က ကလေးများနေ့လေ"

ကုမုန့်ယန်သည် ချန်ရှောင်း၏ နှုတ်ခမ်းကို ဖျတ်ခနဲ ငုံ့နမ်းလိုက်ပြီး သူ့တစ်ကိုယ်လုံးကို ဆွဲယူလိုက်၏။

"ကလေးများနေ့က ငါနဲ့ ဘာဆိုင်လို့လဲ ?"

ချန်ရှောင်းသည် မျက်လုံးတွေကို မှိတ်ထားလျက် ပျင်းရိပျင်းတွဲနှင့် အိပ်ရာပေါ် လှဲချလိုက်ပြန်သည်။ ထိုစဥ်မှာပင် သူ့ဗိုက်ပေါ် ဘူးတစ်ခု ပြုတ်ကျလာ၏။

"အို့ .. မင်း အစုတ်ပလုတ်တွေ အမြန်ပြန်ယူစမ်းပါဟ .. ဒီမယ် အောင့်သွားတာပဲ .. ဒါနဲ့ အာ့ ဘာတုန်း ?"

ရယ်မြူးရိပ်နှင့်အတူ အနည်းငယ် စိတ်ပျက်သွားဟန်အရိပ်တွေ ရောထွေးနေသည့် မျက်နှာနှင့် ကုမုန်ယန်သည် သူ့အနား ရောက်လာ၏၊ အောင့်သွားပုံရသည့် ချန်ရှောင်း၏ ဗိုက်နားတစ်ဝိုက်ကို အသာပွတ်ပေးနေရင်း

"မင်း အမြဲတမ်းလိုချင်နေခဲ့တဲ့ဟာလေ .. မဟုတ်ဘူးလား ?"

"အယ် .. ဒါက နောက်ပိုင်း ထပ်မထုတ်တော့တဲ့ ရီမုကား !!"

ချန်ရှောင်း ဝမ်းသာအားရ အော်လိုက်ရင်း ပါကင်တောင် မဖြည်ရသေးခင်မှာပင် ပြန်ဆွဲယူသွားခြင်းကို ခံလိုက်ရ၏။

"ပြောတော့ ကလေးများနေ့က မင်းနဲ့ ဘာမှ မဆိုင်ဘူးဆို"

ကုမုန့်ယန်သည် မျက်ခုံးတစ်ဘက် ပင့်တင်ထားကာ ရန်စသလို မေးမြန်းနေသည်။

"တော်စမ်းပါ .. အာယို .. ပြ ပြပါဦးလို့"

~ ဒီ အပျက်ကောင်လေးကတော့လေ .. တစ်ရက်ထက်တစ်ရက် ပို ပို ဆိုးလာတော့တာပဲ ~

ဟိုဘက်အခန်းက ကိုလူချော {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now