Zawgi
မိုင်(1)
------------ကျွန်မနဲ့မောင်ကငယ်ချစ်ဦးလို့ပြောလည်းရတယ်။
ကျွန်မတို့ချစ်သူသက်တမ်းက၁၄နှစ်တောင်ရှိပြီလေ။ကျွန်မတို့ကအထက်တန်းကျောင်းသားဘဝတည်းကချစ်သူတွေဖြစ်ခဲ့ကြတာယခုအိမ်ထောင်သက်တမ်း၅နှစ်တောင်ရှိခဲ့ပြီ။
ကျွန်မတို့နှစ်ယောက်ကြားမှာယခုထိတော့ငြိမ်သက်အဆင်ပြေနေတုန်းဘဲ။
မောင်ကပြောဖူးတယ်ကျွန်မကိုဘယ်တော့မှသူစွန့်ပစ်မှာမဟုတ်ဘူးတဲ့ကျွန်မကိုအရမ်းချစ်တယ်တဲ့
ဒီစကားတွေကမောင် ကျွန်မကိုစွန့်ပစ်မဲ့အချိန်ကျရင်အသုံးဝင်ရင်ကောင်းသားရယ်မောင်။ဒီနေ့ကမာင်နဲ့ကျမရဲ့မင်္ဂလာနှစ်ပတ်လည်နေ့
အရင်နှစ်ပတ်လည်တွေတုန်းကလိုမောင်နဲ့ဒီနှစ်လည်းပျော်ပျော်ပါးပါးဆင်နွှဲဖြစ်တယ်။" Happy Anniversaryပါမောင် "
မောင့်လက်ထဲသို့သော့တခုထည့်ပေးလိုက်သည်။
" ဒါဘာလဲမိုင် "
" မောင့်တွက်မိုင့်ရဲ့လက်ဆောင်လေမောင့်ကိုကားအဟောင်းကြီးနဲ့တွေ့ရတာသဘောမကျလို့ "
မောင်ကကျွန်မစကားကိုရယ်မောခဲ့တယ်။
" ဟားဟား မိုင်ရယ်ဒီကားကမောင်တို့သုံးလာတဲ့ဘယ်နှနှစ်ကြာပြီလဲမောင်တို့အိမ်ထောင်စကျထဲကလေ "
" ဒါတော့ဒါပေါ့မောင်ရယ် ကျွန်မရဲ့မောင်က ဆရာဝန်တစ်ယောက်ဖြစ်ပြီးကားအကောင်းစားမစီးရင်မောင့်ကိုပတ်ဝန်းကျင်ကလူတွေက ကပ်ရဲ့ကြမှာပေါ့ မောင့်ကိုတော့အဲ့လိုထင်ကြမှာကျွန်မ မလိုချင်ဘူး "
" ဟုတ်ပါပြီဗျာမိုင့်သဘောပါ ဒါနဲ့မောင်ကရောဘာလက်ဆောင်ပေးရမလဲ "
" ကျွန်မတွက်ပစ္စည်းလက်ဆောင်တွေမလိုပါဘူးမောင်ရယ် ကျွန်မကိုတသတ်လုံးသစ္စာရှိပါ့မယ်ဆိုတဲ့ကတိဘဲလိုချင်တယ် "
" မိုင့်ပေါ်မှာ မောင်အမြဲသစ္စာရှိပြီးသားပါ "
မောင်ကကျွန်မကိုဖက်လိုက်သည်။
မောင့်ကိုခြံပေါက်ဝထိလိုက်ပို့ပေးလိုက်သည်။မောင်လည်းကျွန်မလက်ဆောင်ပေးတဲ့ကားကိုမောင်းရင်းဆေးရုံသို့သွားသည်။
YOU ARE READING
Mile(မိုင်)