3

2.2K 99 1
                                    

Zawgi
မိုင်(3)
---------

အိန်ဂျယ်ကပိုက်ဆံနဲ့ခန္ဓာလဲတဲ့ခန္ဓာသည်မဟုတ်ပါဘူး
ဒါပေမဲ့အိန်ဂျယ့်အလှတရားကိုသုံးပြီးတော့ငွေရှာတယ် ယောကျာ်းတွေကအပြုစု အလှတရားနဲ့သာယာမှုကိုတတ်မတ်ကြတယ် အိန်ဂျယ်က သူတို့လိုချင်တဲ့အချက်တွေနဲ့ကိုက်ညီနေတော့အိန်ဂျယ့်ကိုသဘောကျ ကျတာပေါ့

စားပွဲထိုးက အိန်ဂျယ့်ကိုခေါ်ခိုင်းလိုက်တယ်ဆိုလို့ခေါ်တဲ့ဝိုင်းကိုသွားကြည့်တော့ မထင်မှတ်ထားဘဲဦးဖြစ်နေတယ်

" ဦး ! အိန်ဂျယ့်ကိုခေါ်ခိုင်းလိုက်တာဦးလား ! "

" ဟ ဆရာစိုင်းနောင်ကအိန်ဂျယ်နဲ့တောင်ကြိုတောင်သိနေကြပါလား "

စိုင်းနောင်ကပြန်မဖြေဘဲမျက်နှာကိုအောက်သို့ငုံ့ထားသည်

ရှက်ဖို့ကောင်းလိုက်တာဗျာ ကိုယ်တိုင်ဆေးထည့်ကုပေးလိုက်တဲ့လူနာနဲ့ဒီလိုလာတွေ့ရမယ်လို့မထင်ထားဘူး

" ဦး ! အိန်ဂျယ်မေးနေတယ်လေ ဦးခေါ်ခိုင်းတာလားလို့ "

ကျွန်တော့်လက်မောင်းကိုလာကိုင်ပြီးချွဲနွဲ့စွာမေးနေတဲ့သူမ
မထင်မှတ်ဘဲ မိုင်နဲ့သူမကိုယှဉ်ကြည့်မိတယ် မိုင်ဆိုရင်အဲ့လိုလုပ်ဖို့နေနေသာသာ မိုင်ကစကားပြောရင်ပြတ်သားတဲ့မိန်းကလေးချွဲနွဲ့စွာတခါမှမပြော ကျွန်တော့်မသိစိတ်ကဒီကလေးမလေးရဲ့ချွဲနွဲ့မှုကိုသာယာမိတယ်

" ဟမ် ကိုယ်ခေါ်ခိုင်းတာမဟုတ်ပါဘူး "

ကျွန်တော့်စကားကိိုဒေါက်တာကျော်စွာကအလိုမကျစွာဝင်ပြောသည်

" လိမ်ပြီဆရာစိုင်းနောင်တို့ "

ဒေါက်တာကျော်စွာကထိုမိန်းကလေးဘက်ကိုလှည့်ပြီးစကားဆိုသည်

" ဒီလိုအိန်ဂျယ်ရေ ငါတို့ကောင်ကြီးကအလုပ်ထဲမှာစိတ်နစ်ထားလို့ပျော်လို့ရအောင်ခေါ်လာတာ ဒီဆိုင်ရဲ့ရွှေကြာလေးကိုသူနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးငါခေါ်လိုက်တာ ဖြစ်ချင်တော့နင်တို့နှစ်ယောက်ကသိနေကြတယ် "

" သိနေကြတယ်လည်းမဟုတ်ပါဘူးအိန်ဂျယ်မနေ့ကအမှတ်မထင်ဦးနဲ့ဝင်တိုက်မိတာလေအဲ့ဒါကြောင့်သိနေတာ  "

Mile(မိုင်)Donde viven las historias. Descúbrelo ahora