Zawgi
မိုင်(11)
------------နွယ်နဲ့အတူညတွင်းချင်းရန်ကုန်ကိုပြန်လာခဲ့သည် စိတ်ထဲမှာလည်းမောင့်ကိုစိုးရိမ်တဲ့စိတ်တွေသာစိုးမိုးထားသည်
စိုင်းနောင်နဲ့အိန်ဂျယ်မှာအရက်မူးပြီးကားမောင်းကာအိမ်သို့ပြန်ရောက်လာကြသည် စိုင်းနောင်ကအိန်ဂျယ့်ကိုပွေ့ချီလျှက်အိမ်ထဲ၌ရှက်ရွံ့ဖွယ်ကောင်းအောင်ပြုမူနေကြသည်
" ဦး ! ဖြေးဖြေးလုပ်ပါအိန်ဂျယ်ပန်းအိုးနဲ့တိုက်မိကုန်ပြီ "
" မရဘူးကွာ ကိုယ်အခုအရမ်းလိုချင်နေပြီ "
စိုင်းနောင်မှာအိန်ဂျယ့်ကိုချီပြီးအပေါ်ထပ်ကအိပ်ခန်းဆီသို့ဦးတည်သွားသည်။
နွယ်နဲ့မိုင်လည်းလေယာဉ်နဲ့ရန်ကုန်သို့ပြန်ရောက်လာခဲ့သည်
" နွယ် ကားမြန်မြန်ဌား ! "
" အေးပါခဏလေး "
နွယ်လည်းလမ်းပေါ်ကတက္ကဆီတစီးကိုလှမ်းတားပြီးမိုင်နဲ့အတူအိမ်ကိုပြန်လာကြသည်
သိပ်မကြာခင်အိမ်ကိုရောက်လာခဲ့သည်" မိုင်ဖြေးဖြေးသွား ချော်လဲမယ် "
ကားပေါ်ကနေပြေးဆင်းသွားတဲ့မိုင့်ကိုနွယ်မှလှမ်းတားသောလည်းမရပေ
" မောင် ! "
နွယ်နဲ့အတူအိမ်ထဲရောက်တော့ဧည့်ခန်းထဲမှာရှုပ်ပွနေတဲ့ပစ္စည်းတွေကိုမြင်လိုက်ရသည်
" ဟယ် ဒါတွေကဘယ်လိုဖြစ်ရတာလဲ "
နွယ့်စကားကိုပြန်မဖြေနိုင်ဘဲ ရင်ထဲ၌ထိတ်လန့်သွားမိသည် အောက်ထပ်မှာရှာကြည့်သောလည်းမောင့်ကိုမတွေ့တာကြောင့်ကျွန်မအပေါ်ထပ်ကိုဖြေးဖြေးချင်းတက်လာမိသည် တကိုယ်လုံးတုန်ယင်နေမိသည် ခြေဖျားလက်ဖျားတွေပါအေးစက်လာသည်
နွယ်ကအနောက်နေကျွန်မနဲ့အတူလိုက်လာပေးသည် အပေါ်ထပ်ရောက်တော့တံခါးစေ့ထားတဲ့ကျွန်မနဲ့မောင့်ရဲ့အခန်းလေး အထဲမှာမီးပွင့်နေသည် အခန်းနဲ့တဖြေးဖြေးနီးလာလေကျွန်မရင်တွေပိုပိုတုန်လာသည် ခြေလှမ်းတွေပါအလိုလိုနှေးလာသည် ရင်ထဲမှာစိုးရိမ်စိတ်ကြောက်စိတ်တွေပါဖြစ်လာသည် ဖြေးဖြေးအခန်းတံခါးကိုဖွင့်လိုက်သည်
VOUS LISEZ
Mile(မိုင်)