Zawgi
မိုင်(6)
---------မောင်နဲ့ကျွန်မတနေ့လုံးအလှူလုပ် ဘုရားသွား လျှောက်လည်ပြီးညနေလောက်ရောက်တော့အိမ်ကိုပြန်လာခဲ့သည် ညကျကျင်းပမဲ့ကျွန်မမွေးနေ့တွက်ပြင်ဆင်စရာရှိတာတွေပြင်ဆင်နိုင်အောင်စောစောပြန်လာခဲ့ခြင်းဖြစ်သည် တနေ့လုံးမောင် ကျွန်မနဲ့အတူရှိနေပေးခဲ့သည်
" မောင်ရေ ကျွန်မပြင်ဆင်စရာရှိတာတွေပြင်ဆင်လိုက်မယ် မောင်ရေမိုးသွားချိုးပြီးအကျင်္ီလဲလိုက်တော့ "
" ဟောဗျာမွေးနေ့ရှင်ကအရင်သွားပြင်ဆင်လိုက်ပါမောင်နောက်မှရေချိုးမယ် မိုင်အရင်သွားပြင်ဆင်လိုက် "
" ဟုတ်မောင် ဒါဆိုကျွန်မပြင်ဆင်လိုက်အုန်းမယ်နော် "
" အွန်းမိုင် "
မောင်ကအောက်ထက်မှာမွေးနေ့ကိတ်နဲ့ပူဖောင်းတွေပြင်ဆင်ရင်းကျန်ခဲ့သည်။
မကြာခင်ကျွန်မတို့နှစ်ယောက်လုံးပြင်ဆင်ပြီးမွေးနေ့တွက်စားသောက်တွေကိုသေချာပြင်ဆင်နေသည်
တီတီတီ
ရုတ်တရပ်မြည်လာတဲ့မောင့်ဖုန်းကြောင့်ကျွန်မကမောင့်ကိုကြည့်မိတော့မောင်ကကျွန်မကိုယ်တောင်ပြန်လှည့်မကြည့်နိုင်ဘဲဖုန်းဆီကိုအမြန်ပြေးသွားသည်ပြီးတော့ဖုန်းကိုကြည့်ပြီးကျွန်မကိုပြန်လှမ်းကြည့်လာသည်
" ဘယ်သူဆက်တာလဲမောင် "
" ဟို ဟို မောင့်လူနာတစ်ယောက်ပါမိုင် ခနလောက်ဖုန်းသွားပြောလိုက်အုန်းမယ်နော် "
" ဟုတ်မောင် "
မောင့်စကားတွေမောင့်မျက်လုံးတွေမောင့်အသံတွေမတည်ငြိမ်ပေ အထူးသဖြင့်ထိုဖုန်းကိုကြည့်ရင်းမောင့်ပုံစံကမတည်ငြိမ်ဖြစ်နေသည် ဟိုမိန်းကလေးများလားမောင် မောင်ကခြံထဲဆင်းသွားသည် ကျွန်မလည်းမောင့်အနောက်ကတိတ်တိတ်လေးလိုက်သွားကာနားထောင်မိသည်
" ဟယ်လိုအိန်ဂျယ် "
" မြို့လယ်ကရေပန်းဥယျာဉ်ဆီလာခဲ့ ဦးအခုအိန်ဂျယ်ဆီမလာရင်မနက်ကျအိန်ဂျယ်အလောင်းကိုတွေ့ရလိမ့်မယ် ဒါဘဲ "
YOU ARE READING
Mile(မိုင်)