Zawgi
မိုင်(8)
-----------ဒီညလည်းအိပ်မပျော်ပါမောင့်ကိုစောင့်နေမိပြန်တယ် ဆောင်းရာသီဝင်လာပြီအပြင်မှာရာသီဥတုကအေးနေပေမဲ့သဘတ်တထည်ခြုံကာခြံရှေ့မှာခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းမောင့်ကိုမျှော်နေမိတယ်
ရာသီဥတုကအေးနေပေမဲ့ကျွန်မရင်ထဲကအပူမီးတွေကမငြိမ်းအေးဘဲပူလောင်နေခဲ့တယ် ဒီပွဲလေးရဲ့အဆုံးသတ်ကျ ဘယ်သူနိုင်မလဲကျွန်မသိချင်တယ်မောင် ပိုချစ်မိတဲ့ကျွန်မဘဲနိုင်မလား မောင့်အချစ်ကိုရသွားတဲ့ဟိုမိန်းကလေးဘဲနိုင်မလားကျွန်မသိချင်မိပါရဲ့။
မနက်ခင်းရဲ့နေရောင်ခြည်လေးတွေကဖြာထွက်လာသည်
မျက်နှာပေါ်ကျလာတဲ့နေရောင်ခြည်ကြောင့်ကျွန်မလန့်နိုးသွားသည် နိုးလို့ကြည့်လိုက်တော့ကျွန်မခြံထဲကဒန်းပေါ်မှာတညလုံးအိပ်ပျော်သွားတာဘဲ ဘေးဘီကိုကြည့်လိုက်တော့မောင့်ကားမရှိပါ ဒါဆိုမောင်တညလုံးအိမ်ပြန်မလာခဲ့ဘူးပေါ့
အလိုလိုဝဲတက်လာတဲ့မျက်ရည်စလေးတွေကိုဖယ်သုတ်လိုက်မိသည် စွန့်ပစ်ခံရတဲ့ခံစားချက်က ကျွန်မနဲ့ရင်းနှီးနေပြီးသားပါမောင်ရယ် မိဘကစွန့်ပစ်ခဲ့တဲ့ခံစားချက် ဆွေမျိုးသိုင်းဝိုင်းကစွန့်ပစ်ထားတဲ့ခံစားချက် မောင်ကပါထပ်ပြီးစွန့်ပစ်လိုက်သမျိုးခံစားချက် ကျွန်မရူးမတတ်ပါဘဲမောင်ရယ် ကျွန်မကခံနိုင်ရည်ရှိပေလို့ပေါ့တခြားတစ်ယောက်သာကျွန်မနေရာမှာဆိုရူးများရူးသွားမလားကျွန်မတွေးကြည့်မိတယ်။
ညကကျွန်တော်နဲ့အိန်ဂျယ်အမူးလွန်ပြီးဒေါက်တာကျော်စွာအိမ်မှာအိပ်ခဲ့ကြသည်
ဒေါက် ဒေါက် ဒေါက် !!!
" ဟေး နိုးပြီးလားဆရာစိုင်းနောင် "
အခန်းအပြင်ကတံခါးခေါက်သံနဲ့အတူဒေါက်တာကျော်စွာခေါ်သံကြောင့်အိပ်ရာပေါ်မှကုန်းရုန်းထလိုက်သည်
" နိုးပြီဗျို့ "
" နိုးရင်ဆင်းလာခဲ့လေကျွန်တော်အောက်မှာသံပုရာရည်ဖျော်ပေးထားတယ် "
" ဟုတ်ကဲ့ "
ခေါင်းကနည်းနည်းမူးနောက်နောက်ဖြစ်နေသေးတာကြောင့်အမြင်မကြည်မလင်ဖြစ်နေသည် ဘေးကိုတချက်ကြည့်လိုက်တော့အိန်ဂျယ်ကအိပ်ပျော်နေဆဲပါ ကျွန်တော်လည်းစောင်သေချာပြန်ခြုံပေးပြီးမျက်နှာသစ်ကာအောင်သို့ဆင်းလာခဲ့သည်
ESTÁS LEYENDO
Mile(မိုင်)