Zawgi
မိုင်(7)
----------မောင်ကကျွန်မကိုဆွဲဖက်လိုက်သည်
" မောင် မောင်တောင်းပန်ပါတယ်ကွာ "
" ရပါတယ်မောင်ရယ်အခုပြန်ရောက်လာပြီဆိုတော့ကိတ်ခွဲမယ်နော် "
" အွန်းမိုင် "
" Happy Birthday to you Happy Birthday to you Happy Birthday dear my bae Happy Birthday to you ကဲမိုင်ဘာဆုတောင်းမလဲ "
" ကျွန်မဘာမှဆုမတောင်းတော့ဘူး ကျွန်မလိုချင်တဲ့ဆုကကျွန်မဘေးမှာရောက်နေပြီလေ "
" ဟုတ်လား ဘာဆုများလဲ "
" မောင်ကျွန်မအနားမှာအမြဲရှိနေဖို့ "
မိုင်ကဖယောင်းတိုင်ကိုမှုတ်လိုက်ပြီးပြုံးနေခဲ့သည် ကျွန်တော့်ကြောင့်သူမလေးအပြုံးတွေပျောက်တော့မလို့ပါလားကျွန်တော်တကယ့်ကိုမကောင်းတဲ့ကောင်ပါ မိုင့်ကိုစိတ်ချမ်းသာအောင်ထားပါ့မယ်လို့ဂတိပေးပြီးမိုင်စိတ်ညစ်အောင်လုပ်နေမိတယ်
" မောင် ရေသွားချိုးလေအလုပ်သွားရမယ်မဟုတ်လား "
" အွန်းမိုင် "
အပေါ်ထပ်ကိုလေးလံတဲ့ခြေလှမ်းတွေနဲ့တက်သွားတဲ့မောင့်ကျောပြင်ကိုကျမကြည့်နေမိတယ် ထပ်ပြီးတော့မောင့်အကျင်္ီကော်လံအောက်မှာဟိုနှုတ်ခမ်းနီအရာကိုတွေ့လိုက်ရသည်
မောင်ကျွန်မကမောင့်တွက်ဘာလဲဟင် နောက်တစ်ယောက်ထပ်ထားတယ်ဆိုမှတော့ကျွန်မကိုမောင်မချစ်တော့လို့ပေါ့နော်မောင် ဒါပေမဲ့လည်းကျွန်မလိုငတုံးငအမတစ်ယောက်ကမောင့်ကိုချစ်နေတယ် တုံးအလို့တော့လည်းဘယ်ဟုတ်မလဲမောင် ကိုယ်ချစ်တဲ့သူကိုပျော်ရွှင်စေချင်လို့သာမမြင်ချင်ယောင်ဆောင်ပေးလိုက်ရတဲ့အခိုက်တန့်တွေပါ မကောင်းမှန်းသိရဲ့သားနဲ့ဘာလို့ဖက်တွယ်ထားလဲဆိုရင်တော့ဝဋ်ကြွေးရှိခဲ့လို့ဘဲဖြေရမယ်မောင် တခါတလေကျရင် ကျွန်မနှလုံးသားလေးကိုလည်းသိပ်သနားမိတယ်မောင့်ကိုချစ်တဲ့အချစ်နဲ့ယှဉ်ရင်သူလေးအမြဲမျက်နှာငယ်ရတယ်ဘာလို့လဲဆိုမောင်ကပြန်မချစ်လို့ပေါ့။
နွယ်နဲ့အပြင်မှာစကားပြောချင်လို့ကျွန်မစာရေးနေကြကော်ဖီဆိုင်လေးကိုချိန်းလိုက်သည်
BINABASA MO ANG
Mile(မိုင်)