Zawgi
မိုင်(12)ဇာတ်သိမ်းပိုင်း
------------------------------မောင်ကတော့အပေါ်ထပ်ကကျွန်မတို့အခန်းထဲမှာဟိုမိန်းကလေးနဲ့အတူရှိနေသည် နွယ်ကမပြန်ဘဲအတူနေပေးမယ်ပြောပေမဲ့နွယ့်ကိုဒုက္ခမပေးချင်တာကြောင့်အတင်းပြန်ခိုင်းလိုက်ရသည် ညနက်လာတာကြောင့်ကျွန်မလည်းဧည့်ခန်းကဆိုဖာပေါ်မှာဘဲလဲှအိပ်လိုက်သည်
မနက်ကျရင်အရာအားလုံးပြောင်းလဲတော့မယ်မောင် ဒီအိမ်လေးကိုကျွန်မစွန့်ခွာရတော့မယ် ၅နှစ်တာမောင်နဲ့အတူနေခဲ့တဲ့ဒီအိမ်လေးကနေ ထွက်သွားရတော့မယ် မောင်နဲ့ဝေးရာကိုအပြီးတိုင်ထွက်သွားရတော့မယ် နှလုံးသား၃ခုပြိုင်တဲ့ဒီပွဲမှာကျွန်မရှုံးတယ်မောင် အရှုံးကြီးကိုရှုံးတာပါ ၁၄နှစ်တာသံယောဇဉ်ကို၃လလောက်ဘဲရှိသေးတဲ့သံယောဇဉ်ကအနိုင်ရသွားတယ်
ကျွန်မပါးပြင်ပေါ်မှာမျက်ရည်များကအဖြိုင်ဖြိုင်စီးကျပြီးနေရာယူလာကြသည် လည်ချောင်းတခုလည်းခြောက်ကပ်ပြီးရင်ထဲလည်းမွန်းကြပ်နေသည်
ကျွန်မထပ်ဘာမှမစဉ်းစားချင်တော့တာကြောင့်ဆိုဖာပေါ်မှာလဲပြီးအိပ်ပျော်အောင်အိပ်လိုက်သည် မနက်မိုးလင်းသွားမှာကိုကျွန်မစိတ်ကကြောက်နေမိသည်။ကျွန်တော့်ကြောင့်မို်င်နာကျင်ရပြီ သိပ်ပျော်ရမယ်ထင်တဲ့မိသားစုဘဝလေးကိုလှမ်းကြည့်နေမိတာနာကျင်နေတဲ့မိုင့်ကိုတောင်မေ့နေခဲ့တယ် မိုင့်ကိုကျွန်တော်ကိုယ်တိုင်နာကျင်အောင်လုပ်မိပြီ မိုင့်ကိုပေးထားခဲ့တဲ့ကတိတွေကိုလည်းကျွန်တော်မတည်နိုင်တော့ဘူး မကောင်းတဲ့အရာပေါ်မှာသာယာမိတဲ့စိတ်ဆန္ဒတခုကကျွန်တော့်ရဲ့ ၁၄နှစ်သံယောဇဉ်နဲ့၅နှစ်တာအိမ်ထောင်ရေးဘဝကိုဖျက်စီးမိခဲ့တယ် အပေါင်းအသင်းမှားမှုကြောင့်ဘဝပျက်ခဲ့ရပြီ
အိန်ဂျယ်သတိမရသေးတာကြောင့်အောက်ထပ်ကိုဆင်းလာကြည့်မိသည် ဆိုဖာပေါ်မှာခွေခွေလေးအိပ်ပျော်နေသောမိုင့်ကိုတွေ့တော့စိတ်ထဲမကောင်းပေ အပေါ်ကနေစောင်တထည်ယူလာပြီးမိုင့်ကိုဖြေးဖြေးလေးခြုံပေးလိုက်သည် ပြီးတော့မိုင့်ဘေးနားမှာဒူးထောက်ထိုင်ချလိုက်ပြီးမိုင့်လက်သေးသေးလေးတွေကိုဖွဖွလေးဆုတ်ကိုင်လိုက်နမ်းရှိုက်လိုက်သည်ကျွန်တော့်ရဲ့မျက်ရည်တွေကမိုင့်လက်ကိုစိုစွတ်သွားစေသည်
YOU ARE READING
Mile(မိုင်)