1(U+Z)

476 32 4
                                    

Unicode

အပိုင်း ၁

အသက် ၂၀အရွယ်
ဘဝရဲ့အချိုးအကွေ့အချိန်တခု
ကိုယ့်ဘဝကိုကိုယ်စီမံခွင့်အပြည့်ရှိတဲ့အချိန်

ကြွယ်ဝတဲ့စည်းစိမ်တွေကြောင့်လား
အရွဲ့တိုက်ချင်တဲ့စိတ်ကြောင့်လား
မိခင်မရှိဘူးဆိုတဲ့လောကဒဏ်ကြောင့်လား

လား လား လား ဆိုတဲ့မေးခွန်းများစွာဟာ
သူ့ခေါင်းထဲဝင်လာသည်
ဘယ်အကြောင်းကသူရဲ့
လိမ္မာလှတဲ့သားငယ်​လေးကို
ဆိုးသွမ်းစေခဲ့တာလဲ......

အချိန်မှာ ည ၁ နာရီပင်ဖြစ်လေပြီ

'' ဆက်သွယ်လို့ရလား ဆရာ''

စိုးရိမ်တကြီးမေးလားတဲ့ အိမ်တော်ထိန်းKun ကို
Suho ခေါင်းတွင်တွင်သာခါပြမိသည်

သားရဲ့စိုးမိုက်မှုကြောင့်အသက်အရွယ်ရနေပြီဖြစ်တဲ့ ဦးလေးKunလည်းမအိပ်နိုင်
တစ်အိမ်လုံးကလူတွေလည်းမအိပ်နိုင်

'' အကိုလေးရဲ့ သူငယ်ချင်းတွေကိုရော ''

" သူတို့ဆီမလာကြဘူးတဲ့ဗျာ"

"ဒီကောင်လေးတွေပေါင်းလိမ်ကြပြန်ပြီထင်တယ်"

" သူဌေး အိပ်ရင်အိပ်ပါ...ကျွန်တော် ဆက်စောင့်လိုက်ပါမယ်.."

"မဟုတ်တာဗျာ...Na Jaemin ဆိုတာကျွန်တော့်သားပါဗျ.. ကျွန်တော်သိပ်ချစ်ရတဲ့ကျွန်တော့်သားပါဗျ ''

"သြော်ဟုတ်လား.... ကျွန်တော်ကမလွဲသာလို့
လက်ထပ်လိုက်ရတဲ့ရောဂါသည်ရဲ့ စွန့်ပစ်ခွင့်မရှိတဲ့ အကြွင်းအကျန် လို့ထင်နေတာ ဟက်.."

ဘယ်အချိန်တည်းကရောက်နေလဲမသိတဲ့ Na Jaemin ဆီကအသံ

"သား...'' ဦးလေးKunဆီကခေါ်သံဟာအရင်ထွက်လာခဲ့တယ် 

''သား.. ဘယ်တွေရောက်နေတာလဲ ဒယ်ဒီမင်းကိုဘယ်လောက်ရှာနေရလဲသားသိရဲ့လား..''

"အိုး အို ဒယ်ဒီ့ရဲ့ ဘယ်နှရောက်မြောက်လဲမသိမယ့်တစ်ယောက်ယောက်နဲ့ အတူအိပ်ရမယ့်အချိန်တွေကို ကျွန်တော့်ကြောင့်သုံးလိုက်ရတာပဲ..''

''Na Jaemin မင်းငါ့ကိုမစော်ကားနဲ့''

''စော်ကားရလောက်တဲ့အထိ ဒယ်ဒီကကျွန်တော့်အတွက်အရေးပါမနေဘူးလေ ဟက်''

The Timing || Jaemren,Nomin ||Where stories live. Discover now