မဝေးဘူးလို့ ကိုယ်ယုံခဲ့တယ်
ခွဲမယ့်သူမရှိဘူး လို့ကိုယ်ထင်ခဲ့တယ်
ပြဿနာတွေကို ကိုယ်မမျှော်လင့်ခဲ့မိဘူး
ဝေးရမယ့် အကြောင်းတွေကို
ကိုယ်မတွေးခဲ့မိဘူး
ကိုယ်မပြင်ဆင်ခဲ့မိဘူး
ကိုယ်သိပ်ကို အသုံးမကျခဲ့ဘူးUnicode
အပိုင်း ၁၃လက်ခံရရှိတဲ့ ဖုန်း call တခုကိုပြောအပြီးမှာ Injun ကြမ်းပြင်ကိုပုံကျသွားသည် ထိုင်ရက်သားလေး ကျသွားတဲ့ ကောင်ငယ်လေးရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စတွေတွဲခိုလို့
အိပ်ခန်းထဲက ထွက်လာတဲ့ Jaemin ထိုမြင်ကွင်းကို မြင်တော့ အပြေးအလွှား အသိစိတ်မကပ်သလို ပုံရက်လေးကျနေတဲ့ ကောင်လေးနားအပြေးသွားမိတယ်
" Injun Injun ဘာဖြစ်လို့လဲ "
ထိပ်ထိပ်ပြာပြာနဲ့ ကိုယ်လေးကိုအနညး်ငယ်လှုပ်မေးလိုက်တော့ သူ့ကို ကြည့်လာတဲ့ မျက်ရည်တွေနဲ့ ပြည့်နေတဲ့ မျက်ဝန်းတစ်စုံ
" မောင် ေမာင် ပါးပါးရောဂါအရမ်းပျင်းလာလို့တဲ့ ပါးပါးအချိန်သိပ်မရတော့ဘူးတဲ့ "
ပြောရင်း ခုနကထပ်ပိုငိုနေတဲ့ ကောင်လေးကသူ့ရင်ခွင်ထဲရောက်တော့ ထိန်းမရအောင်ငိုပြန်တယ်
ကျောလေးကိုပွတ်သပ်ပေးနေတဲ့ Jaemin အတွက်ပြောစရာ စကားမရှိ နှစ်သိမ့်စရာစကားလုံးရှာမတွေ့ရုတ်တရက် ရင်ခွင်ထဲကတိုးထွက်ပြီး မတ်တပ်ထရပ်တဲ့ ကောင်လေးကုိ Jaemin ေမာ့ကြည့်မိသည်
ပါးကမျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုပ်လိုက်ပြီး သူ့အိတ်ကိုပြေးယူပြီး ဖိနပ်စင်နားအပြေးသွားတဲ့ Injun ကို Jaemin မနည်းပြေးဆွဲရသည်" ဘယ်လဲ Injun ဘယ်လဲ "
" ဖေဖေ ဖေဖေ့ကိုရှာရမယ် ဖေဖေ့ကိုသွားရှာမလို့ "
တစ်ဖန်စီးကျလာတဲ့ မျက်ရည်တွေနဲ့ ပုံမှန်အသိစိတ်ပျောက်နေတဲ့ ကောင်လေး
" ခဏ ခဏလေး Injun အခုပုံစံနဲ့ ရှာလို့မရဘူးလေ နော် အ အရင်ဆုံး စိတ်ကိုလျှော့ ဟုတ်ပြီလား လာလာ ဆိုဖာမှာထိုင်နော် စိတ်ကိုလျှော့ "
ဆွဲခေါ်ရာနောက်ပါလာတဲ့ ကောင်လေးကိုဆိုဖာတွင်ထိုင်စေပြီး အသက်ကိုဝအောင်ရှူစေတယ် ရေအေးတစ်ခွက်ကို ပြေးယူပြီး ဖြေးဖြေးသောက်စေတယ် ငြိမ်ကျသွားမှ ဘေးမှာဝင်ထိုင်ရင်း လက်လေးကိုကိုင်မိတယ်
YOU ARE READING
The Timing || Jaemren,Nomin ||