14(U+Z)

168 23 5
                                    

မင်းကဒီလောက်ပင်ပန်းနေတာကို
ကိုယ်ကဘယ်လိုစိတ်မျိုးနဲ့
ဆွဲထားရက်မှာလဲ
မင်းနဲ့ကိုယ် ချစ်သင့်သလောက်လည်း
သိပ်ကိုချစ်ခဲ့ကြတယ်
ရန်တွေလည်း ဖြစ်သင့်သလောက်
ဖြစ်ခဲ့ပြီးပါပြီ
ပင်ပန်းသင့်သလောက်လည်း
ပင်ပန်းခဲ့ပါပြီးပြီ
ကိုယ့်အကြောင်းတွေမတွေးဘဲ
ကိုယ့်ကိုမစောင့်ဘဲ
ကိုယ့်အတွက်စိုးရိမ်ရတာမျိုးတွေလည်း
မလုပ်ရင်ရပါပြီ
ဒီထပ်မနာကျင်လည်းရပါပြီ

Unicode

အပိုင်း ၁၄

အရာရာကသိပ်ကိုမြန်ဆန်လွန်းခဲ့တယ်
မောင့်အချစ်
မောင့်လက်ကိုလွှတ်လိုက်တဲ့မင်းကို
ခဏလေးအတွင်းမှာ မောင် ဆုံးရှုံးလိုက်ရတယ်
ပြေးထွက်သွားတဲ့ မင်းခြေလှမ်းတွေကို
မောင်မတားနိုင်လိုက်တာ မောင့်ဘဝရဲ့အကြီးမားဆ​ုံးသောအမှားပဲ မောင့်ကောင်လေး Injun......

အဲ့ညက Injun ကိုသာဆုံးရှုံးရမယ်ဆိုတာမှန်းသိရင် မောင် steak စားဖို့ခေါ်ခဲ့မိမှာမဟုတ်ဘူး ဒါအားလုံးက ေမာင့်ကြောင့်

မောင့်လက်ကလေးထဲက ရုန်းထွက်သွားတဲ့ Injun လက်ကလေးကို မောင်နောက်တစ်ခေါက်လောက်တော့ ဆုပ်ကိုင်နိုင်မယ်ထင်ထားတာ
Injun လက်လေးကိုတင်းတင်းလေး ကိုင်ပြီး
Injun သဘောကျတယ်ဆိုတဲ့ လိမ္မော်ရောင် ဆန်ဆန်ကောင်းကင်းကြီးအောက်က ညနေခင်းတွေကို စကားတွေတပြောပြောနဲ့ မောင်ကအိမ်လိုက်ပို့ရဦးမှာလေ.....

ပင်လယ်စာတွေ စားရင် အဖုတွေထွက်ပြီးအသက်ရှူတွေကျပ်လို့မတည့်တဲ့ မောင့်ကောင်လေးကို မောင်က အသားတွေ ကင်ကျွေးရဦးမှာလေ ဝက်သုံးထပ်သား ထပ် အမဲသားကို ပိုကြိုက်တဲ့မောင့်ကောင်လေးအကြောင်းကို မောင်အသိဆုံးလေ အများကြီးစားပြီး ရင်တွေပြည့်လို့အန်ရင် လည်း မောင်က ဆေးတွေတိုက်ပြီး ဆူရဦးမှာလေ....

ညဘက်တွေဆို ကိုရီးယား drama တွေက​ေန ဘာသာစကား သင်ယူ​ပါတယ်ဆိုတဲ့ မောင့်အချစ်နဲ့အတူတူ မောင်ကdramaတေွ ကြည့်ရဦးမှာလေ မောင့်တရုတ်လေး ရဲ့

" မောင် အက်လိုဂိမ်းကနောက်ဆို တကယ်ရှိလာလောက်တယ်နော် "

" အင်းပေါ့ မောင့်အချစ်ရဲ့ ကမ္ဘာကြီးကဒီလောက်တိုးတက်နေတာကို "

The Timing || Jaemren,Nomin ||Where stories live. Discover now