12(U+Z)

149 22 3
                                    

မင်းကလမ်းပျောက်နေတယ့်
ကိုယ့်ကိုကယ်ဆယ်ခဲ့တယ်
မင်းပြပေးတဲ့လမ်းလေးအတိုင်း
ကိုယ်ကလျှောက်မယ်စိတ်ကူးတယ်
မင်းပြောင်းလဲပေးခဲ့တဲ့
ကိုယ့်ဘဝကိုကိုယ်ချစ်တတ်လာပြီ
လိုအပ်ချက်ကတခုထဲ အဲ့ဒါက
ကိုယ့်ကိုချစ်တဲ့မင်း

Unicode

အပိုင်း ၁၂

ဦးလေး Kun ဆီက ph ရချင်းချင်း ရတဲ့ Taxi ကိုငှားရင်း ဆိုးလ်ကိုအလျင်စလိုပြန်လာသည် တောကျတဲ့နေရာလေးမို့ taxi ငှားရသည်မှာတောင် အခက်တွေ့ရသည် Injun ကတော့စိတ်ပူနေပေမယ့် ပန်းချီအဖွဲ့နှင့်သာပြန်လာမည် သူ့ကိုစိတ်ချပြီး ဒယ်ဒီဆီအမြန်သွားဖို့ သာပြောသည်

အပြန်ခရီးတွေက မြန်တယ်လို့လူတွေခံစားတတ်ကြတယ် အသွားခရီးဆို ဘယ်အချိန်ရောက်မလဲရောက်မလဲနှင့်တွေးမိလို့ အသွားခရီးတွေက ကြာတယ်တဲ့ အခုတော့ Jaemin အတွက် အပြန်ခရီးက အသွားခရီးထပ်ပင်ပိုဝေးနေသလို ဘယ်ချိန်ရောက်မလဲရောက်မလဲနှင့် တွေးပူနေရသလို
ဒယ်ဒီဘာမှမဖြစ်ပါစေနဲ့ လို့ပဲတွေးပူမိနေသည်

ဆေးရုံရောက်သည်နှင့်ဒယ်ဒီ့အခန်းရှိရာ အထပ်ရောက်အောင် အမြန်သာပြေးမိသည် ကုတယ်ပေါ်မှာ လှဲနေတယ့်ဒယ်ဒီ့ကိုမြင်ရသည်အထိ စိတ်ကမအေးသေး ဦးလေး Kun ကိုရှာတော့လည်း
အခန်းထဲမှာမရှိ ဘာလုပ်လို့လာကိုင်ရမလဲလဲမသိတော့ ဒယ်ဒီ့ကုတင်ဘေးက ခုံကိုသာဆွဲရင်းထိုင်မထသည်

ကိုယ်တိုင်တောင်မသိလိုက်ဘဲ ဒယ်ဒီ့လက်ကိုကိုင်မိသည် ဘယ်လိုပဲမုန်းမုန်း မိဘဆိုလို့ရှိတော့သာ ဒယ်ဒီပဲမို့လား အစကတော့သတိမထားမိပေမယ့်
Injun စကားတွေကြောင့် ကိုယ့်ကိုကိုယ်ပိုသိလာသလိုပင်

ခဏနေတော့ ဦးေလး Kun ကအခန်းတွင်းဝင်လာသည်လက်ထဲတွင်လည်း ဆေးရုံကပေးလိုက်သည့်စာရွက်တွေဖြစ်ပုံရသည်

" ဦးလေး Kun " 

jaemin ဦးလေး Kun ကိုမြင်မြင်ချင်း ထိုင်နေရာမှထကာ ဝင်လာတဲ့ ဦးလေး Kun နားအပြေးသွားမိသည်

" အကုိလေးတောင်ရောက်လာပြီလား "

" အခုနကပဲ ဒယ်ဒီကဘယ်လိုဖြစ်ရတာလဲ အခုရောစိုးရိမ်ရလား "

The Timing || Jaemren,Nomin ||Where stories live. Discover now