6(U+Z)

155 24 8
                                    

Unicode

အပိုင်း ၆

ချစ်ရမှာကြောက်နေခဲ့တာ
မချစ်ဘူးလို့ကိုယ့်ကိုကိုယ်ညာနေခဲ့ရတာ
အချစ်ကဒီလိုပျော်ရွှင်မှုတွေပေးနိုင်တာသာသိခဲ့ရင်
အရင်ထဲချစ်ခဲ့ပြီးတွဲခဲ့ရမှာ

ကျွန်တော်လေ မောင့်ကိုချစ်လိုက်တာ

တီ တီ *

ကော်ဖီဆိုင်ကိုသွားရမယ့်အချိန်ပိုင်းကိုအိပ်ရာထနောက်ကျတော့ နောက်ကျလို့နေပြီ ကားဂိတ်ကိုမြန်မြန်ပြေးမလို့တိုက်ခန်းကဆင်းလာပီး အပြင်ရောက်တုံးပဲ ရှိသေးတယ် မြည်လာတဲ့ဖုန်း
ကြည့်လိုက်တော့

Mg💓

တုန်နေအောင်ချစ်ရလို့ အသည်းလေးတုန်နေတဲ့ emoji လေးနဲ့မှတ်ထားရတာ မောင်များသိလေမလား

" အင်း..ပြော မောင် "

"အချစ် cafe သွားနေပြီလား "

" ဟင်ဘာလို့လဲ "

" ေမာင် လာကြိုတာလေ တိုက်ခန်းရှေ့ရောက်တော့မယ် "

မြန်မြန်ပြေးနေတဲ့ ခြေထောက်လေးတွေကရပ်သွားနေလေရဲ့

" ဟုတ်လား အချစ်ကအခုမှ ဆင်းလာတုံး "   မုသားမမည်တဲ့မုသားကိုဆိုလိုက်ပြီး ခြေထောက်တွေက တိုက်ခန်းလှေကားဆီပြန်ပြေးမိတယ်

တခါခါကျရင်ချစ်လို့လိမ်ရတာတွေလည်းရှိတယ်မောင်ရဲ့....

Injun တိုက်ခန်းဆီမြန်မြန်ပြန်ပြေးပြီးလှေကားတစ်ထပ်လောက်ပြန်တက်ကာ ရောက်လာမယ့် Jaemin ကားအနက်လေးကိုစောင့်နေမိသည်

မောင်နဲ့တွေ့မှပဲအေးအေးဆေးဆေးနေနေကျကျွန်တော်က ကလေးဆန်ဆန်လုပ်ရပ်တွေကိုလုပ်နေမိလို့ကိုယ့်ကိုကိုယ်လည်းရယ်မိသေးသည်

Jaemin ဖုန်းပြောရင်းကားကွေ့နေတုံး တိုက်ခန်းဆီပြန်ပြေးတက်သွားသည့်ကောင်လေးကိုတွေ့လိုက်ရတော့ ဘာများကျန်ခဲ့လို့လဲလို့တွေးနေတာ

လှေကားလက်တန်းနောက်နားလေးမှာပုန်းသလိုလိုရပ်နေတဲ့ ကောင်လေးကိုမြင်မှ ပြုံးမိတော့သည်
အခုမှဆင်းလာတာပါဆိုပြီးသူ့ကိုပြန်တက်ပြီးစောင့်နေတာပါပေါ့

The Timing || Jaemren,Nomin ||Where stories live. Discover now