8(U+Z)

144 27 12
                                    

အချစ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ
ကိုယ်ဟာအချစ်ကိုInjunလို့နာမည်​လေးပေးမယ်
ကိုယ်ပိုင်နာမ်ပုဒ်လေးဖြစ်တဲ့
Injunဆိုတဲ့နာမည်လေးကိုတောင်
ကိုယ်ကသိပ်ချစ်ရတာသက်ဆိုင်သူကသိမလား
Injunကြောင့်ကိုယ့်ကံကြမ္မာတွေကစတယ်
သံသရာတဆုံးInjunနဲ့ပဲသွားချင်တယ်
ရူးသွပ်မှုလေးကInjunသာဖြစ်မယ်ဆို
ကိုယ်ကကုမရတဲ့အရူးတစ်ယောက်ဖြစ်ချင်မိတယ်

Unicode

အပိုင်း ၈

ချစ်သူရည်းစားဘဝဆိုတာရန်တွေဖြစ်မှ
အချစ်တွေတိုးတာတဲ့
မှန်လားမှားလားတော့မသိပေမယ့်
ပိုချစ်ရတဲ့သူကရှုံးရတာတော့အမှန်ပင်

ထိုညက ကိုယ်ကလည်းသူ့အတွက်
ကရုဏာဇောနဲ့စကားတွေမှားခဲ့သည်
သူကလည်းအဓိပ္ပါယ်အကောက်မှားသွားပုံရတော့
ချစ်ကြပေမယ့်အခုတော့အနေတွေဝေးလို့

ချစ်ရသူစိတ်ကောက်နေရင်
ဘယ်လိုများချော့ကြသလဲမသိ
Jaemin မှာတော့ရည်းစားတွေသာများခဲ့တာ
အခုထိဆရာမကျ ဒါကလည်းအပျော်တွဲခဲ့တာတွေပဲဖြစ်ခဲ့တာကိုး
အရင်ကောင်မလေးတွေတုံးကများတော့
စိတ်ဆိုးရင်း ေဂျာင်း စိတ်ကောက်ရင် ဂိုး
ဆိုပြီး ပြတ်ပြတ်သွားကြတာမို့

ချစ်ရသူကိုဘယ်လိုဘယ်ပုံနဲ့
စိတ်ပြေအောင်လုပ်ရမလဲ Jaemin မသိ
ဒါကြောင့် ချစ်ဆရာကြီးတွေကိုသာအကူအညီတောင်းရပြန်တယ်

Jaemin သိတာက

မောင်ချစ်နဲ့ပြေလည်ချင်လှပြီ

The Timing

" မင်းကလည်းမင်းပဲ သူကလည်းယောကျာ်းတစ်ယောက်လေသူဘယ်လိုပဲလှလှ ဘယ်လိုပဲချစ်ဖို့ကောင်းကောင်း သူကလည်းငါတို့လို့အမျိုးသားတစ်ယောက်ဆိုတာမင်းမမေ့သင့်ဘူး "

Haechan ဆီကအတည်ပေါက်နဲ့စကားတွေကြောင့်သူ့အမှားကိုသူပိုသေချာမြင်လာသလိုပင်

" ငါကသူ့အတွက်ပြောတာပါ သူပင်ပန်းနေတာတွေ့တော့ငါကပိုပင်ပန်းရတယ် ငါသူ့ကိုထောက်ပံပေးချင်တယ် သူ့ငါ့ကိုမှီခိုစေချင်တယ် "

The Timing || Jaemren,Nomin ||Where stories live. Discover now