7(U+Z)

142 28 3
                                    

Unicode

အပိုင်း ၇

" ဆိုပါဦး....Hyung ရဲ့ Nana လေးကဒီလောက်ပျော်နေရတဲ့အကြောင်းလေး "

ph screen မှာမြင်နေတဲ့ Mark Hyung ရဲ့မျက်နှာလေး ကပင်ပန်းပုံရပေမယ့် ညီလေးနဲ့ screentime ကြောင့်ပျော်နေပုံရတယ်

" ဟားဟား Hyung ကလည်းဗျာ "

" ကောင်လေး ရနေပြီဆို Nana Hyung သတင်းတွေကြားတယ်နော် ဟွင်းဟွင်း "

" Canada က Hyung ကတောင်သိနေတယ်ဆိုတော့ နေပါဦး လူယုံတွေလွှတ်ထားတာလား ကျွန်တော့်နားမှာ " 

ဒါဟာ Lee Haechan လက်ချက်မှန်းသိပေမယ့်တမင် Hyung ကိုအရွှန်းဖောက်ချင်တာမို့မေးလိုက်တော့

" ဟားဟား ဟုတ်တာပေါ့ သိပ်ယုံကြည့်ရတဲ့ လူယုံချစ်စရာလေး ကိုလွှတ်ထားတာ " 

မျက်လုံးတွေမှိတ်သွားသည်အထိရယ်ရင်းပြောလာတဲ့ Mark Hyung ကိုကြည့်ရင်း Jaemin ပြုံးမိတယ်

Hyung အလယ်တန်းလောက်ထဲက Haechan
က Hyung ကိုကြိတ်သဘောကျနေတာ သူတို့သူငယ်ချင်းတစု လုံးသိသည်

ဒါကို ကာယကံရှင် ကိုယ်တိုင်ဖြစ်တဲ့ Hyung ကအထက်တန်းလောက်ရောက်တော့သိသွားပုံပင်
Hyung ကလည်း Haechan ကိုသဘောကျတာကို Jaemin သတိထားမိပေမယ့် ဟိုစပ်စလူးကတော့

Hyung နဲ့တွေ့ရင် ပေါက်ပေါက်ဖောက်တာတောင်ရှုံးလောက်အောင်စကားတွေများ စပ်စလူးတွေထရင်း Hyung သဘောကျနေတာကိုသိပုံမရ

အထက်တန်းအောင်တော့ Hyung ကဖွင့်ပြောမယ့်အကြောင်း Jaemin ကိုတိုင်ပင်တဲ့အချိန်မှာပဲ ထိုကိစ္စကိုသိသွားတဲ့ Daddy Suho က Hyung ကို
uni ကိစ္စအကြောင်းပြရင်း Canada ကိုပို့ခဲ့သည်

အခုဆို Hyung Canada ကိုရောက်နေသည်မှာ 5 နှစ်ပင်ရှိပြီ  Haechan ကိုလည်းအနီးနားမှာမရှိပေးနိုင်လို့ Haechan အတွက်နစ်မွန်း မည်ဆိုး၍ ဖွင့်မပြောခဲ့ Jaemin ကိုလည်းသူသဘောကျနေကြောင်းကို Haechan ကိုမပြောဖို့ကတိအတန်တန်တောင်းခဲ့သည်

သို့သော်အခုထိ အဆက်အသွယ် ပြတ်ကျပုံမရ
အီစီကလီ အဆင့်မှာတင်ရပ်နေပုံရသည်
ဒါပေမယ့် ထိုစပ်စလူးက Hyung ကိုဒီလောက်နှစ်တွေကြာတာတောင် သဘောကျနေသေးသည်ကို Jaemin တကယ်အံသြမိသည်

The Timing || Jaemren,Nomin ||Where stories live. Discover now