မနက်ကတည်းက တဖြောက်ဖြောက် ကျနေသော မိုးသည် နေ့လယ် 12 ကျော်သည့် တိုင် မတိတ်နိုင်သေး..
မိုးရွာတဲ့အချိန် ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးရင်း ကော်ဖီသောက်ရတာ ဘယ်လောက်ကောင်းလိုက်သလဲ..သို့သော် ယခု ကော်ဖီသောက်ချင်စိတ်လည်း မရှိသလို မိုးစက် တွေကို ငေးရင်း အတွေးတွေကို နယ်မချဲ့ချင်ပါ...ဖြစ်နိုင်လျှင် ကောင်းကင် က ကျနေသော မိုးစက်တို့ကို ရပ်တန့်သွားအောင် လုပ်ပစ်ချင်သည်..ရူးတာပဲ..ဝမ်းနည်းနေတာလား..ပျော်နေတာလား..
အဲ့တာတွေ တစ်ခုမှမဟုတ်တာ သေချာသည်..
အဲ့တာဆို ဘာခံစားချက်မှမရှိသလို ဗလာသက်သက် လူတစ်ယောက် ဖြစ်နေသလား..
ဟင့်အင်း..ဗလာသက်သက်တော့ မဟုတ်ဘူး..ကျွန်မ အခု သူ့ကို လွမ်းနေတယ်..အဲ့တာတော့ သေချာတယ်..ဒါပေမယ့် သေလောက်အောင် လွမ်းနေတာမျိုးတော့ မဟုတ်ဘူး..အဲ့လိုလွမ်းနေဖို့လည်း အားမနေဘူး..လုပ်စရာ အလုပ်တွေ တာဝန်တွေက အများကြီး ရှိနေသည်လေ..~~~~~
'' honey ရေ..နင် ငါ့ကို kimchi ထမင်းကြော်လေး ကြော်တတ်အောင်တော့ သင်ပေးသွားသင့်တာ..ဟူး ~ ''
မီးဖိုခန်းထဲမှာ korean sauce ဘူးကြီး ကိုင်ပြီး gas pan ထဲက တူးနေသော ထောင်းပြီး ထည့်ထားတဲ့ ကြ က်သွန်ဖြူလေးများကို စိတ်ပျက်လက်ပျက် ကြည့်ကာ ညည်းညူမိသည်..
မနက်နိုးလာတော့..မနက်စာစားဖို့ ရေခဲသေတ္တာထဲကို ကြည့်တော့ ရေဘူးတွေက လွဲလို့ ဘာဆိုဘာမှမရှိတော့ပါ..သို့သော် ကံကောင်းစွာ koren sauce ဘူးနှင့် နှပ်ပြီးသား kimchi တွေကို ထည့်ထားသော ပလတ်စတစ်ဘူးကို တွေ့ရသည်..ဒါနဲ့ kimchi fried rice ကြော်ဖို့ ကြိုးစားမိခြင်းပင်..အခုတော့ လုပ်ချင်စိတ်လည်း မရှိတော့သလို..မီးဖိုခန်းလဲ ရှုပ်ပွနေပြီ..
honey ရှိတုံးကဆို..ရေခဲသေတ္တာထဲမှာ ဘာမှန်းမသိသည့် ဟင်းချက်စရာ တွေ အများကြီး ပြည့်နေတတ်သည်..ဟင်းချက်စရာတွေ အပြင် cola surprise pessi စတဲ့ အအေး သံဗူးတွေကအစ ကလေးသောက်သည့် banana milk အဆုံး ပြည့်နေတတ်သည်..
refrigerator အကြီး ဝယ်ထား ၍သာ တော်သေးသည်..
ဟင်းတွေ တစ်နေ့တစ်မျိုး မရိုးအောင် ချက်ကျွေးတတ်သော honey ကြောင့် မီးဖိုခန်းကို ယောင်လို့ပင် လှည့်မကြည့်ခဲ့ပါ..
အခုတော့ အပြင်ထွက်စားရင်စား..ဒါမှမဟုတ်..ဆိုင်တစ်ခုခုက မှာစားရတော့မည်.
ရွေးစရာ လမ်း မရှိတော့ပါ..
YOU ARE READING
''Trust "
Fantasyတစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်ရော နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား ၊ တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်၊ နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား...